ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (ဗိမ္ဗိသာရမင်း၏ ချင်ခြင်း ငါးမျိုး)

ဘုရားအလောင်းတော် တောထွက်စက ဗိမ္ဗိသာရမင်းအားပေးထားခဲ့သော ကတိအရ ဘုရားရှင်သည် ကဿပညီနောင်တို့ ဦးဆောင်သော ရဟန်းတစ်ထောင်တို့နှင့်အတူ ပြာသိုလပြည့်နေ့လောက်တွင် ရာဇဂြိုလ်မြို့သို့ ကြွတော်မူရာ ရာဇဂြိုဟ်မြို့အနီး ထန်းပင်ပျိုးဥယျာဉ်ကြီးသို့အရောက် မင်းနှင့် ပြည်သူ တစ်သိန်းနှစ်သောင်းတို့ ခမ်းခမ်းနားနား သောင်းသောင်းဖြဖြ ကြိုဆို ဖူးမြော်လာကြလေသည်။

ထို၌ ဘုရားရှင်သည် “မဟာနာရဒကဿပဇာတ်တော်ကြီး”ကို ဟောတော်မူရာ ဗိမ္ဗိသာရမင်းကြီးနှင့် လူတစ်သိန်းတစ်သောင်းတို့ သောတာပန်တည်ကြ၍ လူတစ်သောင်းတို့ သရဏဂုံတည်ကြလေသည်။

သောတာပန်ဖြစ်ပြီးသော ဗိမ္ဗိသာရမင်းကြီးသည် အလွန်နှစ်သက် ၀မ်းမြောက်ခြင်းဖြစ်လျှက် -

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား - ဘုရားတပည့်တော် မင်းသားဘ၀က တောင့်တခဲ့သော ချင်ခြင်းငါးပါးလုံး ယခုအခါ ပြည့်စုံပြီဖြစ်၍ အတိုင်းမသိ ၀မ်းမြောက်ပါသည်ဘုရား”ဟု လျှောက်ထားလေသည်။

မင်းပျို မင်းလွင်ဘ၀က ဗိမ္ဗိသာရမင်းကြီး တောင့်တခဲ့သော ချင်ခြင်းငါးမျိုးကား -

(၁) မင်းဧကရာဇ်ဖြစ်ရမူ ကောင်းလေစွာ့၊

(၂) မင်းဧကရာဇ်ဖြစ်သောအခါ ဘုရားရှင် ကြီရောက်လာပါမူ ကောင်းလေစွာ့၊

(၃) ကြွရောက်တော်မူသောအခါ ရိုသေ လေးမြတ် ဆည်းကပ် ပူဇော်ရမူ ကောင်းလေစွာ့၊

(၄) ၀ဋ်ဒုက္ခမှ လွတ်ကြောင်း တရားကောင်း တရားမှန်ကို ဟောကြားတော်မမူပါမူ ကောင်းလေစွာ့၊

(၅) ဟောကြားသည့်အတိုင်း သိမြင်၍ မိစ္ဆာလွတ်ကင်း အသိမှန် အမြင်မှန်ရှင်းသူဖြစ်ရမူ ကောင်းလေစွာ့ ဟူ၍ ဖြစ်လေသည်။

ဆောင်ပုဒ်။ ။
မင်းပျိုငယ်ခါ၊ ဗိမ္ဗိသာ၊ ဖြစ်လာချင်ခြင်းငါး။
မင်းဖြစ်လည်းရ၊ ဘုရားကြွ၍၊ ခ ယ လုပ်ကျွေး၊
အမြိုက်ဆေးကို၊ တိုက်ကျွေးစေချင်၊ ဟောတိုင်းမြတ်၍၊
ကင်းစင်မိစ္ဆာ၊ ယူသမ္မာ၊ မှန်ရာ သိရပါစေသား။ ။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment