ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 16 September 2011

ကန်တော့ချိုး

သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနာကံ၊ သဗ္ဗေဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတိုပကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတ်ာမြတ်ကို ရပါလို၏ အရှင်ဘုရား။

သြကာသအဓိပ္ပါယ်
သြကာသ = ကန်တော့ပါရစေ၊ ခွင့်ပြုတော်မူပါ - ဟု ခွင့်တောင်းခြင်း။

ကံသုံးပါး
ကာယကံ = ကိုယ်ဖြင့် ပြစ်မှားမူ၊

ဝစီကံ = နူတ်ဖြင့် ပြစ်မှားမူ၊

မနောကံ = စိတ်ဖြင့် ပြစ်မှားမူ၊

သဗ္ဗဒေါသ = ကာယကံ ၀စီကံ မနောကံအပြစ်များ၊

ကန်တော့ = ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ၀န်ချခြင်း၊

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment