ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

အရူပါဝစရဘုံ

ပဉ္စမဈာန်ရပြီးသောပုဂ္ဂိုလ်သည် ရုပ်တရားတို့ကို စက်ဆုပ်လျက် နာမ်တရားတို့ကိုသာ တောင့်တကာ ဆက်လက်ပွားများသည်။ ပထမဆုံးဖြစ်သော အာကာသာနဉ္စာယတနဈာန်ရသူ ကွယ်လွန်လျှင် အာကာသာ နဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတန အရူပဗြဟ္မာကြီး ဖြစ်၏။ ရုပ်တရား မရှိဘဲ နာမ်တရားသာဖြစ်လျက် မဟာကပ်ပေါင်း(၂၀၀၀၀) အသက်ရှည်၏။ ၀ိညာဏဉ္စာယတနဈာန်ကိုရလျှင် ထိုဘုံ၌ အရူပ ဗြဟ္မာကြီး ဖြစ်၍ မဟာကပ်ပေါင်း(၄၀၀၀၀)အသက်ရှည်၏။ အာကိဉ္စညာယတန ဈာန်ကိုရလျှင် ထိုဘုံ၌ အရူပဗြဟ္မာကြီးဖြစ်၍ မဟာကပ်ပေါင်း(၆၀၀၀၀) အသက်ရှည်၏။ နေ၀သညာနာသညာယတနဈာန်ကိုရလျှင် ထိုဘုံ၌ အရပဗြဟ္မာကြီးဖြစ်၍ မာကပ်ပေါင်း(၈၄၀၀၀) အသက်ရှည်၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment