ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ကပိလ၀တ်ပြည်သို့ ကြွတော်မူခန်း (ယသောဓရာတိုက်ခန်းသို့ ကြွတော်မူခြင်း)

မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးသည်နှင့် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်တို့ကို နောက်ပါ ခေါ်ဆောင်၍ ခမည်းတော်မင်းကြီးအား သပိတ်ကို ထမ်းစေလျက် ယသော်ဓရာ တိုက်ခန်းသို့ ကြွလှမ်းတော်မူလေသည်။ ဘုရားရှင်ကြလာသည်ကို မြင်လျှင် ယသောဓရာသည် မောင်းမအခြွေအရံတို့အား မိမိကဲ့သို့ သစ်ခေါက်ဆိုးအ၀တ်ကို ၀တ်ရုံစေလျက် ဘုရားရှင်အား ကြိုဆိုကန်တော့ရန် ပြောကြားလေသည်၊ ယသောဓရာအဆောင်တိုက်ခန်းသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်သည် အသင့်ခင်းထားအပ်သော နေရာတော်၌ ထိုင်တော်မူ၍ ယသောဓရာ ဖူးမြော်ကန်တော့လာသောအခါ တစ်စုံတစ်ရာ ဟန့်တားခြင်းမပြုကြရန် မိန့်တော်မူသည်။

ယသောဓရာသည် ကျက်သရေတိုက်ခန်းမှ ဖြည်းညင်းစွာ ထွက်လာပြီးလျှင် ဘုရားရှင်၏ ခြေတော်အစုံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျက် ခြေဖမိုးတော်ထက် မျက်နှာထိဆိုက်ကာ တလိုက်လိုက် ဆွေ့ခုန်တစုံတရာ မလျှောက်တင်နိုင်တော့ဘဲ စီးကျသော မျက်ရည်များဖြင့် အားပါးတရ ပူဇော်လေတော့သည်။ ခမည်းတော် မင်းကြီးသည် သမီးတော်ဖြစ်အင်ကို တွေ့မြင်ရသောအခါ သမီးတော် ယသောဓရာ ကျေးဇူးဂုဏ်ကို မျိုသိပ်မထားနိုင်တော့ဘဲ မြတ်စွာဘုရားရှင်အား -

“ဘုန်းတော်ကြီးသော သားတော်ဘုရား၊ သမီးတော်သည် သားတော်ကြီး သစ်ခေါက်ဆိုးသော အ၀တ်ကို ၀တ်သည်ဟု ကြားလျှင် သမီးတော်လည်း သစ်ခေါက်ဆိုး အ၀တ်ကို ၀တ်၍ နေပါသည်။ မြင့်မြတ်သော အိပ်ရာနေရာကို စွန့်ပယ်ကြောင်း ကြားလျှင် ကြိုးပြားဖြင့် ရက်သော ညောင်စောင်းပေါ်မှာသာ အိပ်ရှာပါသည်၊ ပန်းနံ့သာကို သားတော်ကြီး ရှောင်ကြဉ်ကြောင်း ကြားသိလေလျှင် အကျော်ကရမက် စသော ပန်းနံ့သာများကို မသုံးဆောင်ရှာပါ။ ဆွေတော်မျိုးတော်ဖြစ်သော မင်းညီ မင်းသားများက စကားကမ်းလှမ်းလာပါသော်လည်း လက်မခံဘဲ ပယ်လှန် မြစ်တားကာ သားတော်အပေါ်၌သာ ချစ်ခင် လေးမြတ်ခြင်း ရှိခဲ့ပါသည်”ဟု လျှောက်ထားလေသည်။

ခမည်းတော်စကား ဆုံးသောအခါ ဘုရားရှင်က မိမိအပေါ်၌ ယသောဓရာ ချစ်ခြင်း မေတ္တာ သစ္စာာကြီးပုံကို စန္ဒကိန္ဒရီဇာတ်ကြောင်းဖြင့် ထပ်လောင်းဟောပြတော်မူလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment