ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 12 September 2011

ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (ဘုရားအမည်ခံ တိတ္ထိဆရာကြီး ၆-ဦး)

ဤသို့လျှင် မြတ်စွာဘုရားသည် တလောကလုံးတွင် အတု အတူမရှိသော သုံးလောကထွက်ထား သဗ္ဗညုမြတ်စွာဘုရားအဖြစ် ဖြစ်ထွန်းပွင့်ပေါ်တော်မူသည်။ ထိုသို့လောက၌ ဘုရားစစ် ဘုရားမှန် ပွင့်ပေါ်မည်ကို အနှစ်တစ်ထောင်ကပင် ကြိုတင်၍ ကောလာဟလ ဖြစ်နှင့်သည်။

“ဤသူကား ဘုရား”ဟု သိရန် မဟာပုရိလက္ခဏာကျမ်းစသော အတတ်ပညာများလည်း ဖြစ်ပေါ်နေနှင့်သည်။ ထိုအခါ လူအများသည် အလွန်ထူခြား မြင့်မြတ်လှသော “ဘုရား” ဟူသော ပုဂ္ဂိုလ်ကို သိလို မြင်လို လာကြသည်။ ထိုကောလာဟလအရ “အစစ်တစ်ခု၊ အတုတစ်ထောင်” ဟူသော စကားနှင့်အညီ သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင် အစစ် မဖြစ်ပေါ်မီ မိမိကိုယ်ကို ဘုရားဟု ၀န်ခံသူ အောက်ပါတိတ္ထိဆရာကြီး ခြောက်ဦးတို့သည် ပေါ်ထွန်းနေခဲ့ကြသည် -

ထိုတိတ္ထိဆရာကြီး ခြောက်ဦးတို့မှာ -

(၁) ပူရဏကဿပ၊
(၂) မက္ခလိဂေါသာလ၊
(၃) အဇိတကေသကမ္ဗလ၊
(၄) ပကုဓကစ္စာယန၊
(၅) သဉ္စယဗေလဋ္ဌပုတ္တ၊
(၆) နိဂဏ္ဌနာဋပုတ္တ - တို့ဖြစ်ကြသည်။

စင်စစ် ထိုဘုရားအမည်ခံ ပုဂ္ဂိုလ်တို့သည် အစစ်မပေါ်မီ ဖြစ်ပေါ်နှင့်သော အတုများသာဖြစ်၍ စဉ်းစားဉာဏ်ရှိသော လူတို့သည် ထိုဘုရားဆိုသော ဆရာကြီးများကို ဘုရားအဖြစ် လက်မခံခဲ့ကြပေ။ သို့ရာတွင် ပညာမဲ့သော လူများစုကား ဘုရားစစ် ဘုရားမှန်အဖြစ် ကိုးကွယ်ဆည်းကပ်ကာ ထိုဆရာကြီးများ၏ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိခေါ် “လူထောင်မြုံးကြီး”၌ပင် တိုးဝင်ဖမ်းမိလေကြကုန်တော့သည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment