သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထားသည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတပါးက မတော်မတရား ပြုမူ ပြောဆိုစေကာမူ ထိုသူ၏ အပြစ်ကို မရူ၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြလေသည်။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ မေတ္တာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေ၏၊ ခြင်္သေ့၊ သစ်၊ ကျား၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသော သားကောင်းများအပေါ်၌ပင် တကယ့်မေတ္တာစိတ်ဖြင့် ချစ်ခင်နေ၏၊ မိမိအား သားကောင်မှတ်၍ လေးဖြင့်ပစ်သတ်ခဲ့သော ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပေ၊ နောက်ဆုံး မေတ္တာ၊ သစ္စာကြောင့် မြားဆိပ်လည်းပြေ၊ အသက်လည်း မသေဘဲ မျက်မမြင်မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရကြလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Friday, 2 September 2011
ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ပုံ (မေတ္တာပါရမီဖြည့်ကျင့်ပုံ)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment