ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 3 September 2011

စရိယာ (၃)ပါး

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။

(၁) လောကတ္ထစရိယာ = လောကလူသား၊ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး ကျင့်စဉ်၊

(၂) ဉာတတ္ထစရိယာ = မိမိ၏အမျိုးသား မိမိလူမျိုးကောင်းစား ချမ်းသာရေးကျင့်စဉ်၊

(၃) ဗုဒ္ဓတ္ထစရိယာ = သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရား ဖြစ်ရေးကျင့်စဉ်။

ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်၊ စရိယာသုံးပါး ဟု ခေါ်၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment