ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 2 September 2011

ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ပုံ (နေက္ခမ္မပါရမီဖြည့်ကျင့်ပုံ)

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲ စွန့်ခွာ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)မျိုးကို နက္ခမ္မပါရမီ ဖြည့်သည်ဟုခေါ်၏၊ ဘုရားအလောင်းတော်၏ နေက္ခမ္မပါရမီဖြည့်ကျင့်သော ဘ၀များမှာ လွန်စွာ များလှ၏၊ အယောဃရ မည်သော မင်းသားဘ၀ကို မှတ်သားနိုင်ရုံ ထုတ်ပြမည်။

အယောယရမင်းသား ဖွားမြင်ပြီးနောက် ဘီလူးရန်ကို ကြောက်သဖြင့် ၁၆-နှစ်အရွယ်တိုင်အောင် သံလှောင်အိမ်အတွင်းမှာပင် ထား၍ ပညာသင်ပေးကြရ၏၊ ၁၆-နှစ်အရွယ်ရောက်သော် ထီးနန်းအပ်မည်ဟု စီစဉ်ကာ အပြင်သို့ ထုတ်ဆောင်ကြ၏၊

ထိုအခါ ဘုရားအလောင်းတော်မင်းသာသည် “အမိဝမ်းတွင်း၌ ဆယ်လ၊ သံလှောင်အိမ်အတွင်း၌ ၁၆-နှစ် နေ၍ လွတ်မြောက်လာခဲ့ရသော်လည်း သေခြင်းဘေးကမူ မလွတ်မြောက်နိုင်သေး” ဟု တွေးမိကာ ထီးနန်းစည်းစိမ်ကို လက်မခံဘဲ တောထွက်ကာ ရသေ့ပြုလုပ်သွားလေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


No comments:

Post a Comment