ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 2 September 2011

ပါရမီ (၁၀)ပါး အပြား(၃၀)

ဒါန စသော ပါရမီ (၁၀)ပါးကို -

(က) ရိုးရိုးဖြည့်ကျင့်လျှင် ပါရမီ ဟုခေါ်၏။

(ခ) ကိုယ်လက်အင်္ဂါစွန့်၍ ဖြည့်ကျင့်လျှင် ဥပပါရမီ ဟုခေါ်၏။

(ဂ) အသက်ကိုစွန့်၍ ဖြည့်ကျင့်လျှင်မူ ပရမတ္ထပါရမီ ဟုခေါ်၏။

ပါရမီတစ်ပါးတစ်ပါးလျှင် အနုအရင့်ဖြည့်ကျင့်ပုံ သုံးမျိုးစီကွဲပြားသဖြင့် “ပါရမီ ၁၀-ပါး၊ အပြား-၃၀” ဟုခေါ်ရသည်။ ဘုရားအလောင်းတော်သည် ထိုပါရမီ ၁၀-ပါး၊ အပြား-၃၀ တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရာ ဝေဿန္တရာမင်းဘ၀၌ ပါရမီတော်အားလုံး ပြီးပြည့်စုံခဲ့လေပြီ။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

1 comment:

  1. မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ... ဘယ်ဇာတ်တော်တွေမှာ ဖြည့်ခဲ့သလဲ.. သိချင်ပါတယ်.. စာအုပ်ရှိရင်လည်း ညွှန်ပေးစေချင်ပါတယ်..

    ReplyDelete