ဘုရားအလောင်းတော်သည် ကမ္ဘာပေါင်းများစွာ ဘ၀ပေါင်းများစွာ ဒါနစသော ပါရမီ ၁၀-ပါး၊ စွန့်လွှတ်ခြင်းကြီး ၅-ပါးတို့ကို ပြုလုပ် ဆည်းပူးတော်မူခဲ့ရသည်။ ဖြစ်လေရာဘ၀တိုင်း၌ ကာယ ဉာဏ ဓန စသည်တို့ကို စွန့်လွှတ်ပေးလှူခြင်းဖြင့် သတ္တ၀ါအများ ကောင်းစားချမ်းသာရေးကို ဆောင်ရွက်တော်မူခဲ့သည်။ ထိုစွန့်လွှတ်မူအားလုံးအတွက် မျှော်မှန်းချက်မှာ သဗ္ဗညုတဉာဏ်ရရေး တစ်ခုတည်းသာလျှင် ဖြစ်သည်။ သဗ္ဗညုတဉာဏ်ရရန် မျှော်မှန်းခြင်းသည်လည်း မိမိအတွက် မဟုတ်၊ သတ္တ၀ါအများ ကောင်းစား ချမ်းသာရေူးကို ပို၍ပြုလုပ် ဖြည့်စွမ်းပေးရန်သာလျှင် ဖြစ်သည်။
မည်သူမဆို ဖြစ်လေရာ ဘ၀တိုင်း သူတပါးတို့ ကောင်းစားချမ်းသာရေးအတွက် ကိုယ်ကျိုးမဖက်၊ မျှော်လင့်ချက်မနော၊ ရက်ရက် ရောရော စွန့်လွှတ်ကူညီရန် လိုပေသည်။ ထို ပါရမီအလုပ်တို့သည် မိမိအပါအ၀င် လူသားလောက တစ်ခုလုံး၏ ချမ်းမြေ့ သာယာမူ၊ စည်ပင် ၀ပြောမူကို ပြုလုပ်ပေးရာ ရောက်သဖြင့် စွန့်လွှတ်နိုင်သလောက် မိမိအတွက်လည်း အဆများစွာ အကျိုးသက်ရောက် လာလေသည်။
ဘုရားအလောင်းတော်သည် လောကတွင် ကာယ ဉာဏ ဓန စသည်တို့ကို အတုမရှိ စွန့်လွှတ်နိုင်ခဲ့သူဖြစ်၍ ဘုရားဖြစ်တော်မူသော နောက်ဆုံးဘ၀တွင် ကာယ ဉာဏ ဓန စသည် ဘာမျှ လိုလေသေးမရှိ၊ လောကတွင် အတုမရှိ၊ အတူမရှိ အထွတ်အထိပ် ပြည့်စုံသူ ဖြစ်တော်မူရသည်ကို အတုယူကြကုန်ရာ၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Saturday, 3 September 2011
အတုမရှိ စွန့်လွှတ်၍ အတုမရှိ အောင်မြင်ခြင်း
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment