ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 3 September 2011

အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ် (နတ်ပြည်မှ စုတေတော်မူခြင်း)

ဒီပင်္ကရာ မြတ်စွာဘုရား၏ ဗျာဒိတ်ခံယူ ရရှိပြီးနောက် လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ပွင့်တော်မူသော၂၃-ဆူသော ဘုရားရှင်တို့၏ ထံတော်တို့၌လည်း ဆက်လက် ဗျာဒိတ်ခံယူကာ ပါရမီတော် တို့ကို ဖြည့်ကျင့်ခဲ့သည်။

အလောင်းတော်သည် ပါရမီများကို ဝေဿန္တရာမင်းဘ၀တွင် ပြည့်စုံစွာ ဖြည့်ကျင့်ပြီးနောက် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်လေသည်၊ သက်တမ်းစေ့ နတ်စည်းစိမ်ခံစားပြီးနောက် စုတေခါနီးသောအခါ စကြ၀ဠာတစ်သောင်း၌ ရှိကြသော နတ်ဗြဟ္မာတို့သည် အလောင်းတော်ထံ စုဝေးရောက်လာကြ၏။ “အရှင်နတ်မင်း - ဘုရားဖြစ်ဖို့ အချိန်တန်ပါပြီ၊ လူ့ပြည်၌ ပဋိသန္ဓေယူ၍ ဘုရားဖြစ်တော်မူပါ” ဟု တောင်းပန်ကြလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment