ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၈။ မိစ္ဆာဒိဋ္ဌိကသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ

မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။


၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ

ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။


၃။ မှားယွင်းသော အယူ ရှိသည်။

၎။ မှားယွင်းသော အကြံအစည်ရှိသည်။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍

မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။


၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍

ချီးမွမ်းတိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။


၃။ မှန်ကန်သောအယူရှိသည်။

၎။ မှန်ကန်သော အကြံအစည်ရှိသည်။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။


ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ့ဆိုငြား၊ အမှား ယူပြန်၊ မှားတွေး ကြံလတ်၊ လှူအပ် ပစ္စည်း၊ ဖျက်ဆီးလေက၊ ရဟန်းမ၊ မုချ ငရဲ သူ့တွက်ပဲ။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment