ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၁၀။ အာသ၀က္ခယသုတ်



ရဟန်းတို့ ! ဤဆိုလတဲ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများသည်ရှိသော အာသဝေါတရားတို့ ကုန်ခြင်းငှါ ဖြစ်သည်။ ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ခန္ဓာကိုယ်၌ အသုဘဟု ရူလျက်နေသည်။
(အသုဘ-သူသေကောင်သဖွယ် စက်ဆုပ်ရွံရှာဖွယ်)

၂။ စားသောက်အပ်သော အစာ၌ စက်ဆုပ်ရွံရှာဖွယ် အမှတ်ရှိလျက်နေသည်။

၃။ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိဟူသော အမှတ်ရှိလျက်နေသည်။

၎။ သင်္ခါရတရား အားလုံး၌ မမြဲဟု ရူလျက်နေသည်။

၅။ စိတ်သန္တာန်မှာ မရဏသညာ ကောင်းစွာတည်နေသည်။
(မရဏသညာ-သေခြင်း၌ဖြစ်သော အမှတ်)

ဆောင် - ခန္ဓာ၌၀ယ်၊ မတင့်တယ်နှင့်၊ ရွံဖွယ် အစာ၊ အားလုံးမှာ မမွေ့၊ ရူလေ့ မမြဲ၊ ကိုယ်ထဲ သေမှတ်၊ ဤငါးရပ်၊ အမြတ်နိဗ္ဗာန်နှင့် အာသဝေါကုန်ရန်တည်း။

ဒသမသုတ် ပြီး၏။

၂-ခုမြောက်သော သညာဝဂ် ပြီးပြီ။

No comments:

Post a Comment