ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၎။ ဒုတိယ ဓမ္မ၀ိဟာရိသုတ်


ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! “တရားနှင့် နေသူ, တရားနှင့်နေသူ” ဟု ဆိုရာ၌ အဘယ်နေနည်းမျိုးကို ဆိုလိုပါသနည်းဘုရား?။”

“ရဟန်း ! ဤသာသနာတော်၌ ရဟန်းသည် -

၁။ အင်္ဂါ ၉-ပါး အစွမ်းဖြင့် ပိဋကတ်ဓမ္မက္ခန်တရားကို သင်ယူရုံသာ သင်ယူသည်၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မသိ။

ဤရဟန်းကို သင်ကြားမူ ပရိယတ်များသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။



၂။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြားသိစေသည်၊ ထို့ထက်ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့် မသိ။

ဤရဟန်း ဟောကြားသိစေခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၃။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်သည်၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့် မသိ။

ဤရဟန်းကို ရွတ်အံသရဇ္ဈာယ်ခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၎။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့် ကြံသည်၊ သုံးသပ်သည်၊ စိတ်ဖြင့် အဖန်ဖန် ရူသည်၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့် မသိ။

ဤရဟန်းကို စဉ်းစားတွေးတောခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၅။ အင်္ဂါ ၉-ပါး အစွမ်းဖြင့် ပိဋကတ်ဓမ္မက္ခန်တရားကို သင်ယူလည်း သင်ယူသည်၊ ထို့ထက် ပိုလွန်၍လည်း ထိုတရား၏ အနက်ကို ပညာဖြင့်လည်း သိသည်။

ဤရဟန်းသည်သာ တရားနှင့် နေသူ မည်သည်။


ရဟန်း ! ဤသို့လျှင် ငါသည် -

၁။ သင်ကြားခြင်းများသူကိုလည်း ဟောပြီးပြီ။(စသည်ဖြင့် ရှေ့သုတ်နှင့် တူ)

ဆောင် - အင်္ဂါကိုးတန်၊ ဓမ္မက္ခန်တွင်၊ သင်, ဟော, ရွတ်အံ၊ တွေးကြံရုံကား၊ တရားဖြင့် နေ၊ မဖြစ်ပေတည်း၊ တစ်ထွေထို့ထက်၊ အနက်ပါ ထိ၊ ပညာသိအောင်၊ ပြုလုပ်ဆောင်၊ အခေါင် တရားဖြင့် နေသူမှတ်။

မှတ်ချက် - “အနက်ကို ပညာဖြင့် သိ” ဟူရာ၌ ၀ိပဿနာ ပညာ, မဂ်ပညာဖြင့် သိခြင်းကို ဆိုလိုသည်။

ဤ ၂-သုတ်၌ ဓမ္မ၀ိဟာရီ(တရားဖြင့် နေသူ) ၆-ယောက်-

၁။ ဗဟုသုတရဟန်း၊

၂။ ၀ိပဿနာရဟန်း၊

၃။ သောတာပန်၊

၎။ သကဒါဂါမ်၊

၅။ အနာဂါမ်၊

၆။ ရဟန္တာ။

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment