ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် နောက်လိုက်ရဟန်းကို ခေါ်သွားဖို့ မသင့်။
ယင်း ၅-မျိုးမှာ -
၁။ ဝေးလွန်းစွာဖြစ်စေ နီးလွန်းစာဖြစ်စေ လိုက်တတ်သည်။
၂။ ဆွမ်းစသည်ပြည့်နေသော ဆရာ့သပိတ်ကို အလိုက်တသိ လဲလှယ် မယူတတ်။
၃။ ဆရာက အာပတ်သင့်လုနီးပါး စကားပြောဆိုသည်ကို မတားမြစ်တတ် သတိမပေးတတ်။
၎။ ဆရာ စကားပြောဆိုနေစဉ် ကြားဝင် ပြောတတ်သည်။
၅။ ပညာမဲ့သည်၊ ထုံထိုင်းဖျင်းအသည်၊ ဆွံ့အသည်။
ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် နောက်လိုက် ရဟန်းကို ခေါ်သွားသင့်သည်။
ယင်း ၅-မျိုးမှာ -
၁။ မဝေးလွန်း မနီးလွန်း လိုက်တတ်သည်။
၂။ ဆွမ်းစသည်ပြည့်နေသော ဆရာ့သပိတ်ကို အလိုက်တသိ လဲလှယ် ယူတတ်သည်။
၃။ ဆရာက အာပတ်သင့်လုနီးပါး စကားပြောဆိုသည်ကို တားမြစ်တတ် သတိပေးတတ်သည်။
၎။ ဆရာစကားပြောဆိုနေစဉ် ကြားဝင် မပြောတတ်သည်။
၅။ ပညာရှိသည်၊ မထုံထိုင်း မဖျင်းအ၊ မဆွံ့အ။
ဆောင် - ဝေးနီးလွန်းစွာ၊ လိုက်ပါတတ်ဘိ၊ သိပ်ပြည့်ဆွမ်း၊ လှယ်ရမှန်း မသိ၊ နီးလွန်းအာပတ်၊ ပြောလတ်စကား၊ မဟန့်တားနှင့် ကြားဝင် ပြောခြင်း၊ လွန်ညံ့ဖျင်းမိုက်၊ ထိုနောက်လိုက်၊ မထိုက် ခေါ်ဖို့ရာ။
မနီးမဝေး လိုက်ရေး တစ်ရပ်၊ လိုက်သိတတ်နှင့်၊ ပေးလတ် သတိ၊ ပြောသည့် စကား ကြားမ၀င်တတ်၊ မဖျင်းလတ်၊ ငါးရပ် နောက်လိုက်ကောင်း။
ဒုတိယသုတ် ပြီး၏။

Sunday, 13 March 2011
၂။ ပစ္ဆာသမဏသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment