ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၉။ စာတုဒ္ဒိသသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်လေးမျက်နှာတို့၌ အပိတ်အပင် အတားအဆီး မရှိဘဲ လှည့်လည်နိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။

၃။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်း ၄-ပါး ရသမျှဖြင့် ရောင့်ရဲ တင်းတိမ်သည်။

၎။ ရူပါဝစရဈာန် ၄-ပါးကို အလိုရှိတိုင်း ရနိုင်သည်။

၅။ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားသည်။

(၁, ၂, ၄, ၅-တို့ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း အကျယ်သိလေ)

ဆောင် - သီလလည်းရှိ၊ သုတရှိကာ၊ ရောင့်ရဲစွာနှင့်၊ လေးဖြာ ဈာန်ရ၊ ဖြစ်ထ ရဟန္တာ၊ ငါးဖြာ ပြည့်လျှမ်း၊ ထိုရဟန်းမှာ၊ သွားလိုရာရပ်၊ သွားနိုင်လတ်၊ ကင်းပြတ် ပိတ်အပင်။

မှတ်ချက် - ဤသုတ်၌ ရဟန္တာပုဂ္ဂိုလ်ကို ဟောလိုရင်းဖြစ်သည်။

န၀မသုတ် ပြီး၏။

No comments:

Post a Comment