ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 March 2011

၃။ တတိယ သမ္မတ္တနိယာမသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသော်လည်း အရိယာမဂ်သို့ သက်ဝင်ရန် မထိုက်တန်။

ယင်း ၅-မျိုးမှာ -

၁။ သူ့ဂုဏ်ကို ချေဖျက်လိုစိတ်ဖြင့် တရားနာသည်။

၂။ အပြစ်တင်လိုသော စိတ်ဖြင့် တရားဟောသူ၌ အပြစ်ရှာလျက် တရားနာသည်။

၃။ တရားဟောသူအပေါ် ထိပါး ပုတ်ခတ်ခိုစိတ်ရှိသည်၊ ဆူးငြောင့်သဘောရှိသည်။

၎။ ပညာ မရှိ၊ မိုက်မဲသည်၊ ဆွံ့အသည်။

၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ရှိသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို နာရသည်ရှိသော် အရိယာမဂ်သို့ သက်ဝင်ရန် ထိုက်တန်သည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့ဂုဏ်ကို ချေဖျက်လိုစိတ်မရှိဘဲ တရားနာသည်။

၂။ အပြစ်တင်လိုစ်တ် မရှိသည်ဖြစ်၍ တရားဟောသူ၌ အပြစ်မရှာဘဲ တရားနာသည်။

၃။ တရားဟောသူအပေါ် ထိပါး ပုတ်ခတ်လိုစိတ် မရှိ၊ ဆူးငြောင့် သဘော မရှိ။

၎။ ပညာရှိသည်၊ မမိုက်မဲ၊ မဆွံ့အ။

၅။ မိမိ မသိသော အရာ၌ သိသည်ဟု မှတ်ထင်လေ့ မရှိ။

ဆောင် - သူ့ဂုဏ် ဖျက်လို၊ ပြစ်တင်လိုနှင့်၊ သူ့ကို ပုတ်ခတ်၊ ကင်းပြန် ပညာ၊ မသိရာတွင်၊ သိသည်ထင်၊ မှန်ပင် မဂ်ဖိုလ် မရောက်နိုင်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment