ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၃။ ဗျာကရဏသုတ်


ရဟန်းတို့ ! အရဟတ္တဖိုလ်ကို ပြောဆိုပုံ (ရဟန္တာအဖြစ် ၀န်ခံပြောဆိုပုံ) ၅-မျိုးမှာ -

၁။ ပညာနည်းပါး မသိမလိမ္မာခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆိုသည်။

ထို့အတူ -

၂။ အထင်ကြီးခံလိုခြင်း ဟူသော အလိုဆိုး နှိပ်စက်ခံရခြင်းကြောင့်

၃။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့်

၎။ မရသေးဘဲ ရသည်ဟု မှတ်ထင်ခြင်းကြောင့်

၅။ အမှန်တကယ် ရနေခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆိုသည်။

ဆောင် - ညံ့၍ တစ်မျိုး၊ လိုဆိုး နှိပ်စက်ခံ၊ တစ်ဖန် ရူးသွပ်၊ ထင်မှတ်, မှန်ကန်၊ ဤငါးတန်၊ မှတ်ရန် အရဟတ္တဖိုလ် ဖြေဆိုနည်း။

တတိယသုတ် ပြီး၏။

No comments:

Post a Comment