ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 21 March 2011

၇။ အပ္ပံသုပတိ သုတ်


နည်းနည်းအိပ် များများ နိုးကြားသူ

ရဟန်းတို့ ! ဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့သည် ညဉ့်၌ အအိပ်နည်းကြသည်၊ နိုးကြားခြင်း များကြသည်။

ယင်း ၅-မျိုးမှာ -

၁။ မိန်းမသည် ယောက်ျားကို အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၂။ ယောက်ျားသည် မိန်းမကို အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၃။ သူခိုးသည် ခိုးယူခြင်း၌ အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ် အနည်းသည်၊ နိုးကြားခြင်း များသည်။


၎။ မင်းသည် မင်းရေးကိစ္စ(တိုင်းရေးပြည်ရာ) ၌ အားထုတ်သည်ဖြစ်၍ -

ညဉ့် အအိပ် နည်းသည်၊ နိုးကြားခြင်း များသည်။


၅။ ရဟန်းသည် ကိလေသာနှင့် မစပ်ယှဉ်ရာ နိဗ္ဗာန်၌ အလိုရှိသည်ဖြစ်၍ -

ညဉ့်၌ အအိပ်နည်းသည်၊ နိုးကြားခြင်း များသည်။


ဆောင် - ယောက်ျားလိုသူ၊ မိန်းမမူ၊ မှတ်ယူ အအိပ်နည်း။
မိန်းမ လိုသူ၊ ယောက်ျားမူ၊ မှတ်ယူ အအိပ်နည်း။
ခိုးရန် လိုသူ၊ သူခိုးမူ၊ မှတ်ယူ အအိပ်နည်း။
ကိစ္စ များသူ၊ ဘုရင်မူ၊ မှတ်ယူ အအိပ်နည်း။
နိဗ္ဗာန် လိုသူ၊ ရဟန်းမူ၊ မှတ်ယူ အအိပ်နည်း။


သတ္တမသုတ် ပြီး၏။

No comments:

Post a Comment