ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၅။ ဖာသုဝိဟာရသုတ်


ရဟန်းတို့ ! ချမ်းသာစွာ နေရခြင်း ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ မျက်မှောက် မျက်ကွယ် အချိန်တိုင်း သီတင်းသုံးဖော်တို့ အပေါ် မေတ္တာကာယကံ ဖြန့်ကြက်ထားသည်။

၂။ မျက်မှောက် မျက်ကွယ် အချိန်တိုင်း သီတင်းသုံးဖော်တို့ အပေါ် မေတ္တာဝစီကံ ဖြန့်ကြက်ထားသည်။

၃။ မျက်မှောက် မျက်ကွယ် အချိန်တိုင်း သီတင်းသုံးဖော်တို့ အပေါ် မေတ္တာမနောကံ ဖြန့်ကြက်ထားသည်။

၎။ စတုပါရိသုဒ္ဓိ သီလတို့ဖြင့် မျက်မှောက် မျက်ကွယ် အချိန်တိုင်း သီတင်းသု့းဖော်တို့သီလနှင့် တန်းတူညီမျှ ဖြစ်အောင် ကျင့်သုံးနေထိုင်သည်။

ဤ၌ သီလဟူသည် တဏှာ့ကျွန်အဖြစ်မှလည်း လွတ်မြောက်စေနိုင်, ပညာရှိတို့ကလည်း ချီးမွမ်းအပ်, မှားသောအားဖြင့်လည်း မသုံးသပ်အပ်, သမာဓိကိုလည်း ဖြစ်စေတတ်သည်ဖြစ်၍ မကျိုးမပေါက် မကျားမပြောက်ကြသည့် သီလများဖြစ်သည်။ (သမာဓိ-မဂ်, ဖိုလ်, သမာဓိ)

၅။ ၀ိပဿနာ သမ္မာဒိဋ္ဌိ-ဖြင့် မျက်မှောက် မျက်ကွယ် အချိန်တိုင်း သီတင်းသုံးဖော်တို့အယူနှင့် တန်းတူညီမျှဖြစ်အောင် ကျင့်သုံး နေထိုင်သည်။

ဤ၌ ဟူသည် ဖြူလည်း ဖြူစင်, ၀ဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းလည်းဖြစ်, ၀ဋ်ဆင်းရဲကုန်ရာ နိဗ္ဗာန်အလို့ငှါ လိုက်နာကျင့်သုံးသူကို ကောင်းစွာ ထုတ်ဆောင်တတ်သည်လည်းဖြစ်သော အယူဖြစ်သည်။

ဆောင် - အတူနေဖော်၊ ကိုယ်သော်, နူတ်, စိတ်၊ မေတ္တာရိပ်သွင်၊ သီတင်းသီလ၊ မှန်လှ အယူ၊ အတူမျှကာ၊ ဤငါးဖြာ၊ ချမ်းသာ နေရခြင်း။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment