ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၉။ ပထမ သမယ၀ိမုတ္တသုတ်


ရဟန်းတို့ ! ၀င်စားချိန်လောက်သာ ကိလေသာမှ လွတ်မြောက်စေနိုင်သည့် လောကီသမာပတ်ရ ရဟန်းအတွက် ဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ ပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း နေခြင်း)



၂။ စကားပြောခြင်း၌ ပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန် ဖြုန်းနေခြင်း)



၃။ အိပ်ခြင်း၌ ပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)



၎။ အပေါင်းအဖော်၌ ပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန် ဖြုန်းနေခြင်း)



၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို မဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ မကြိုးစားခြင်း) တို့ဖြစ်သည်။





မဆုတ်ယုတ်ကြောင်း



အဆိုပါ ရဟန်းအတွက် မဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ မပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း မနေခြင်း)



၂။ စကားပြောခြင်း၌ မပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၃။ အိပ်ခြင်း၌ မပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၎။ အပေါင်းအဖော်၌ မပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန်ဖြုန်း မနေခြင်း)



၅။ ကိလသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ ကြိုးစားခြင်း) တို့ဖြစ်သည်။



ဆောင် - ကံ, ဘသ်, နိဒ်, သင်၊ ပျော်မွေ့ခင်၊ ဆင်ခြင်မပြု၊ ဤငါးခု၊ မှတ်ရူ ဆုတ်ယုတ်ကြောင်း။



(ကမ္မာရာမတာ၊ ဘဿာရာမတာ၊ နိဒ္ဒါရာမတာ၊ သင်္ဂဏိကာရာမတာ- တာ ၄ခု)



အလုပ်, စကား၊ အိပ်, ပေါင်းများတွင်၊ ပျော်မွေ့ခင်မင်၊ ဆင်ခြင်မပြု၊ ဤငါးခု၊ မှတ်ရူ ဆုတ်ယုတ်ကြောင်း။




န၀မသုတ် ပြီး၏။

No comments:

Post a Comment