ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၃။ ကုဟကသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်ခင်ထိုက် မမြတ်နိုးထိုက် အလေးဂရု မပြုထိုက် မချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ သူတပါးအထင်ကြီးအောင် ဟန်ဆောင်တတ်သည်။

၂။ မြှောက်ပင့် ပြောဆိုတတ်သည်။

၃။ မိမိကို ပေးကမ်းချင်လာအောင် မြှူဆွယ် အချက်ပြတတ်သည်။

၎။ မလှူ လှူအောင် ချိုးနှိမ်ပြောတတ်သည်။

၅။ ကိုယ့်ပစ္စည်း အနည်းငယ်ပေးပြီး သူ့ပစ္စည်းများများ ယူတတ်သည်။
(အလှူလက်ဖက်ဖြင့် မျက်နှာလုပ်သည်၊ ထောင်မြင် ရာစွန့်သည်)


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလေးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ သူတပါးအထင်ကြီးအောင် ဟန်မလုပ်တတ်။

၂။ မြှောက်ပင့် မပြောဆိုတတ်။

၃။ မိမိကို ပေးချင်ကမ်းချင်လာအောင် မြှူဆွယ်သည့်အနေဖြင့် အချက်မပြတတ်။

၎။ မလှူ လှူအောင် ချိုးနှိမ် မပြောတတ်။

၅။ ကိုယ့်ပစ္စည်း အနည်းငယ်ပေးပြီး သူ့ပစ္စည်းများများ မယူတတ်။
(အလှူလက်ဖက်ဖြင့် မျက်နှာလုပ်တတ်သည်မဟုတ်၊ ထောင်မြင် ရာစွန့်သည်မဟုတ်)

ဆောင် - ဟန်ဆောင် ပြုတတ်၊ မြှောက်ပင့်တတ် နှင့်၊ ပြုတတ် နိမိတ်၊ ဖိနှိပ် ဆိုရေး၊ နည်းပေး များယူ၊ ငါးဆူ ရှိနေ၊ ထိုမထေရ်၊ ရိုသေလေးမြတ် ပြုအပ်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment