ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၆။ မိတ္တသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို အဆွေခင်ပွန်းအဖြစ် မမှီဝဲ မဆည်းကပ်သင့်။

ယင်း ၅-မျိုးမှာ -

၁။ လယ်ယာလုပ်ခြင်းစသော လုပ်ငန်းကိစ္စကို ပြုလုပ်ခိုင်းသူ။

၂။ အဓိကရုဏ်း ၄-ပါးကို ဖန်တီးသူ။

၃။ အကြီးအမှူး ရဟန်းတော်တို့ကို ဆန့်ကျင်သူ။

၎။ ရှည်မြင့်စွာ သွားလာခြင်း, အချိန်အကန့်အသတ်မရှိ သွားလာခြင်းကို အားထုတ် နေထိုင်သူ။

၅။ အခါအခွင့် သင့်တိုင်း တရား စကားဖြင့် အကျိုးစီးပွါးကို သိမြင်စေရန်, တရားကို ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်ရွှင်လန်းစေရန် မစွမ်းဆောင်နိုင်သူ။

မှတ်ချက် - နံပါတ် ၁-အင်္ဂါအတွ် ရဟန်းအချင်းချင်း ပြုလုပ်ခိုင်းမူကို ဟောလိုရင်းဖြစ်သည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို အဆွေခင်ပွန်းအဖြစ် မှီဝဲသင့် ဆည်းကပ်သင့်သည်။

ယင်း ၅-မျိုးမှာ -

၁။ လယ်ယာလုပ်ခြင်းစသော လုပ်ငန်းကိစ္စကို မပြုလုပ်ခိုင်းသူ။

၂။ အဓိကရုဏ်း ၄-ပါးကို မဖန်တီးသူ။

၃။ အကြီးအမှူး ရဟန်းတော်တို့ကို မဆန့်ကျင်သူ။

၎။ ရှည်မြင့်စွာ သွားလာခြင်း, အချိန်အကန့်အသတ်မရှိ သွားလာခြင်းကို အားထုတ် မနေထိုင်သူ။

၅။ အခါအခွင့် သင့်တိုင်း တရား စကားဖြင့် အကျိုးစီးပွါးကို သိမြင်စေရန်, တရားကို ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်ရွှင်လန်းစေရန် စွမ်းဆောင်နိုင်သူ။

ဆောင် - အလုပ်ခိုင်းတတ်၊ ယူတတ် အဓိကရုဏ်း၊ ထေရ်ဘုန်း ဆန့်ကျင်၊ လွန်ပင် ခရီးသွား၊ တရားမညွှန်၊ ငါးတန် ပြည့်လျှမ်း၊ ထိုရန်း၊ ခင်ပွန်းသတ်မှ မပြုအပ်။

ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment