ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၁၀။ ဒုတိယ သမယ၀ိမုတ္တသုတ်


ရဟန်းတို့ ! ၀င်စားချိန်လောက်သာ ကိလေသာမှ လွတ်မြောက်စေနိုင်သည့် လာကီသမာပတ်ရ ရဟန်းအတွက် ဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ ပျော်ပိုက်ခြင်း၊ (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်းနေခြင်း)။



၂။ စကားပြောခြင်း၌ အချိန်ဖြုန်းနေခြင်း၊ (စကားပြောခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)။



၃။ အိပ်ခြင်း၌ ပျော်ပိုက်ခြင်း၊ (အိပ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)။



၎။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် မစောင့်ထိန်းခြင်း။



၅။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ မမာဏကို သိအောင် မကျင့်ခြင်း တို့ဖြစ်သည်။





အဆိုပါ ရဟန်းအတွက် မဆုတ်ယုတ်ကြောင်း တရား ၅-မျိုးမှာ -



၁။ လုပ်ငန်းသစ်၌ မပျော်ပိုက်ခြင်း၊ (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း မနေခြင်း)။



၂။ စကားပြောခြင်း၌ အချိန်မဖြုန်းနေခြင်း၊ (စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)။



၃။ အိပ်ခြင်း၌ မပျော်ပိုက်ခြင်း၊ (အိပ်ခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)။



၎။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် စောင့်ထိန်းခြင်း။



၅။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ မမာဏကို သိအောင် ကျင့်ခြင်း တို့ဖြစ်သည်။



ဆောင် - အလုပ်, စကား၊ အိပ်ခြင်းများ တွင်၊ ပျော်မွေ့ခင်၊ သူ့တွင် ဆုတ်ယုတ်ကြောင်း။



မစောင့် ဣနြေ္ဒ၊ ဘောဇနေ၊ တိုင်းရှည် မသိ ဆုတ်ယုတ်ကြောင်း။




ဒသမသုတ် ပြီး၏။



၅-ခုမြောက်သော တိကဏ္ဍကီဝဂ် ပြီးပြီ။



တတိယ သုတ် ၅၀- ပြီးပြီ။

No comments:

Post a Comment