ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 8 March 2011

၁၀။ ကကုဓထေရသုတ်


ဤသို့ အကျွန်ုပ် ကြားနာခဲ့ရပါသည် -

မြတ်စွာဘုရား ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ကောလိယ၏ သားလည်းဖြစ်, အရှင်မဟာမောဂ္ဂလာန်၏ အလုပ်အကျွေးလည်းဖြစ်သော ကကုဓမည်သူသည် ယခုပင် သေလွန်၍ ဈာန်စိတ်ကြောင့် ရောက်ရသော ဗြဟ္မာ့ဘုံတစ်ဘုံ၌ ဖြစ်သွားသည်၊ ထိုကကုဓ၏ ခန္ဓာကိုယ်သည် မဂဓတိုင်းရှိ ရွာနယ် ၂-နယ် ၃-နယ်မျှလောက် အရွယ်ရှိသည်။

ကကုဓဗြဟ္မာသည် ထိုမျှလောက် ခန္ဓာကိုယ်ကြီးစေကာမူ မိမိကိုယ်တိုင်လည်း မပင်ပန်း၊ သူတပါးကိုလည်း မထိခိုက် မပင်ပန်းစေ။

ထိုအခါ ကကုဓဗြဟ္မာသည် အရှင်မဟာမောဂ္ဂလာန်ထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ရပ်တည်လျက် အရှင်မောဂ္ဂလာန်ကို လျှောက်ထားသည်မှာ -

“အရှင်ဘုရား ! ဒေ၀ဒတ်သည် သူကိုယ်တိုင် ရဟန်းသံဃာကို ဦးဆောင်မည်ဟု ကြံစည်နေပါသည်၊ ထိုအကြံဖြစ်ပေါ်သည်နှင့် တပြိုင်နက် သူရရှိထားသည့် ဈာန်တန်ခိုးများလည်း ကွယ်ပျောက်သွားပါပြီ။”

ဤသို့ လျှောက်ထားပြီး အရှင်မောဂ္ဂလာန်ကို ရှိခိုး အရိုအသေပြုကာ ထိုနရာ၌ပင် ကွယ်ပျောက်သွားသည်။

ထို့နောက် အရှင်မောဂ္ဂလာန်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သောနေရာ၌ ထိုင်နေလျက် ကကုဓဗြဟ္မာအကြောင်းနှင့် ၎င်းလျှောက်ထားသည့် အကြောင်းများကို မြတ်စွာဘုရားကို လျှောက်ထားသည်။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မေးတော်မူသည် -

“မောဂ္ဂလာန် ! “ကကုဓဗြဟ္မာ ပြောဆိုသော စကားအားလုံးသည် မှန်ကန်သည်၊ မမှန်တာ မဟုတ်” ဟု ကကုဓ ဗြဟ္မာ၏ စိတ်ကို သင့်စိတ်ဖြင့် ပိုင်းခြားသိသလော?။”

“အရှင်ဘုရား ! တပည့်တော် ပိုင်းခြားသိပါသည်၊ ကကုဓဗြဟ္မာ ပြောဆိုသော စကားအားလုံးသည် မှန်ကန်ပါသည်၊ မဟုတ်တာ မဟုတ်။”

“မောဂ္ဂလာန် ! ဤစကားကို မပေါက်ကြားအောင် စောင့်စည်းဦးလော့၊ စောင့်စည်းဦးလော့၊ မကြာမီပင် မဂ်ဖိုလ်မမှီး အချည်းနှီး သတ္တ၀ါမျိုးဖြစ်သည့် ထိုဒေ၀ဒတ်သည် သူ့ရုပ်လုံး သူ ဖော်လိမ့်မည်။

လောက၌ ဤ ဆိုလတံ့သော ဆရာ ၅-မျိုးတို့ ထင်ရှားရှိကြသည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ ဆရာအချို့သည် -

၁။ သီလမစင်ကြယ်သူ ဖြစ်လျက် “ငါသည် သီလ စင်ကြယ်သည်၊ ငါ့သီလသည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

ထိုဆရာ၏ တပည့်တို့ကလည်း သူတို့ဆရာအကြောင်းကို အမှန်အတိုင်း သိကြသည်။

သိသည့်အတိုင်း လူအများကို ပြောကြားပါလျှင် ဆရာ့အပေါ်မှာ အကြည်ညိုတန်သွားကြလိမ့်မည်၊ ဘာဖြစ်လို့ ပြောကြားနေမလဲ၊ ဆရာက တို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတာပဲ၊ သူပအကြောင်း သူ့ဟာ သူ ထင်ရှားလာပါလိမ့်မည်။

ဤဆရာမျိုးကို တပည့်တို့ကလည်း သီလမှ ကာကွယ်စောင့်ရှောက်ပေးကြသည်၊ ဆရာကလည်း တပည့်တို့ထံမှ သီလမှ ကာကွယ် စောင့်ရှောက်မူကို လိုလားတောင့်တသည်။


၂။ အသက်မွေးဝမ်းကြောင်းမစင်ကြယ်သူဖြစ်လျက် “ငါသည် အသက်မွေးဝမ်းကြောင်း မညစ်မနွမ်း၊ စင်ကြယ် တောက်ပါနေသည်” ဟု ၀န်ခံသည်။

ထိုဆရာ၏ တပည့်တို့ကလည်း သူတို့ဆရာအကြောင်းကို အမှန်အတိုင်း သိကြသည်။

သိသည့်အတိုင်း လူအများကို ပြောကြားပါလျှင် ဆရာ့အပေါ်မှာ အကြည်ညိုတန်သွားကြလိမ့်မည်၊ ဘာဖြစ်လို့ ပြောကြားနေမလဲ၊ ဆရာက တို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတာပဲ၊ သူပအကြောင်း သူ့ဟာ သူ ထင်ရှားလာပါလိမ့်မည်။

ဤဆရာမျိုးကို တပည့်တို့ကလည်း အသက်မွေးဝမ်းကြောင်းမှ ကာကွယ်စောင့်ရှောက်ပေးကြသည်၊ ဆရာကလည်း တပည့်တို့ထံမှ အသက်မွေးဝမ်းကြောင်းမှ ကာကွယ် စောင့်ရှောက်မူကို လိုလားတောင့်တသည်။


၃။ တရားဟောမူ မစင်ကြယ်သူဖြစ်လျက် “ငါသည် တရားဟောမူ စင်ကြယ်သည်၊ ငါ့တရားဟောမူသည် မညစ်မနွမ်း၊ စင်ကြယ်တောက်ပနေ သည်” ဟု ၀န်ခံသည်။

ထိုဆရာ၏ တပည့်တို့ကလည်း သူတို့ဆရာအကြောင်းကို အမှန်အတိုင်း သိကြသည်။

သိသည့်အတိုင်း လူအများကို ပြောကြားပါလျှင် ဆရာ့အပေါ်မှာ အကြည်ညိုတန်သွားကြလိမ့်မည်၊ ဘာဖြစ်လို့ ပြောကြားနေမလဲ၊ ဆရာက တို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတာပဲ၊ သူပအကြောင်း သူ့ဟာ သူ ထင်ရှားလာပါလိမ့်မည်။

ဤဆရာမျိုးကို တပည့်တို့ကလည်း တရားဟောမူမှ ကာကွယ်စောင့်ရှောက်ပေးကြသည်၊ ဆရာကလည်း တပည့်တို့ထံမှ တရားဟောမူမှ ကာကွယ် စောင့်ရှောက်မူကို လိုလားတောင့်တသည်။


၎။ ၀န်ခံဖြေဆိုမူ မစင်ကြယ်သူ ဖြစ်လျက် “ငါသည် ၀န်ခံဖြေဆိုမူ စင်ကြယ်သည်၊ ငါ့ဝန်ခံဖြေဆိုမူသည် မညစ်မနွမ်း၊ ဟင်ကြယ်တောက်ပနေ သည်” ဟု ၀န်ခံသည်။

ထိုဆရာ၏ တပည့်တို့ကလည်း သူတို့ဆရာအကြောင်းကို အမှန်အတိုင်း သိကြသည်။

သိသည့်အတိုင်း လူအများကို ပြောကြားပါလျှင် ဆရာ့အပေါ်မှာ အကြည်ညိုတန်သွားကြလိမ့်မည်၊ ဘာဖြစ်လို့ ပြောကြားနေမလဲ၊ ဆရာက တို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတာပဲ၊ သူပအကြောင်း သူ့ဟာ သူ ထင်ရှားလာပါလိမ့်မည်။

ဤဆရာမျိုးကို တပည့်တို့ကလည်း ၀န်ခံဖြေဆိုမူမှ ကာကွယ်စောင့်ရှောက်ပေးကြသည်၊ ဆရာကလည်း တပည့်တို့ထံမှ ၀န်ခံဖြေဆိုမူမှ ကာကွယ် စောင့်ရှောက်မူကို လိုလားတောင့်တသည်။


၅။ ဉာဏ်အမြင် မစင်ကြယ်သူ ဖြစ်လျက် “ငါသည် ဉာဏ်အမြင် စင်ကြယ်သည်၊ ငါ့ဉာဏ်အမြင်သည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေ သည်” ဟု ၀န်ခံသည်။

ထိုဆရာ၏ တပည့်တို့ကလည်း သူတို့ဆရာအကြောင်းကို အမှန်အတိုင်း သိကြသည်။

သိသည့်အတိုင်း လူအများကို ပြောကြားပါလျှင် ဆရာ့အပေါ်မှာ အကြည်ညိုတန်သွားကြလိမ့်မည်၊ ဘာဖြစ်လို့ ပြောကြားနေမလဲ၊ ဆရာက တို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတာပဲ၊ သူပအကြောင်း သူ့ဟာ သူ ထင်ရှားလာပါလိမ့်မည်။

ဤဆရာမျိုးကို တပည့်တို့ကလည်း ဉာဏ်အမြင်မှ ကာကွယ်စောင့်ရှောက်ပေးကြသည်၊ ဆရာကလည်း တပည့်တို့ထံမှ ဉာဏ်အမြင်မှ ကာကွယ် စောင့်ရှောက်မူကို လိုလားတောင့်တသည်။


မောဂ္ဂလာန် ! ငါဘုရားသည်ကား -

၁။ သီလ စင်ကြယ်သူဖြစ်၍ “ငါသည် သီလစင်ကြယ်သည်၊ ငါ့သီလသည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

တပည့်တို့ကလည်း ငါ့ကို သီလမှ ကာကွယ်စောင့်ရှောက်ပေး နေစရာမလို၊ ငါကလည်း တပည့်တို့ထံမှ သီလမှ ကာကွယ်စောင့်ရှောက်မူကို မလိုလား၊ မတောင့်တ။


၂။ အသက်မွေးဝမ်းကြောင်း စင်ကြယ်သူဖြစ်၍ “ငါသည် ငါ့အသက်မွေးဝမ်းကြောင်း စင်ကြယ်သည်၊ ငါ့အသက်မွေးဝမ်းကြောင်းသည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

တပည့်တို့ကလည်း ငါ့ကို အသက်မွေးဝမ်းကြောင်းမှ ကာကွယ်စောင့်ရှောက်ပေး နေစရာမလို၊ ငါကလည်း တပည့်တို့ထံမှ အသက်မွေးဝမ်းကြောင်းမှ ကာကွယ်စောင့်ရှောက်မူကို မလိုလား၊ မတောင့်တ။


၃။ တရားဟောမူ စင်ကြယ်သူဖြစ်၍ “ငါသည် တရားဟောမူ စင်ကြယ်သည်၊ ငါ့တရားဟောမူသည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

တပည့်တို့ကလည်း ငါ့ကို တရားဟောမူမှ ကာကွယ်စောင့်ရှောက်ပေး နေစရာမလို၊ ငါကလည်း တပည့်တို့ထံမှ တရားဟောမူမှ ကာကွယ်စောင့်ရှောက်မူကို မလိုလား၊ မတောင့်တ။


၎။ ၀န်ခံဖြေဆိုမူ စင်ကြယ်သူဖြစ်၍ “ငါသည် ၀န်ခံဖြေဆိုမူ စင်ကြယ်သည်၊ ၀န်ခံဖြေဆိုမူသည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

တပည့်တို့ကလည်း ငါ့ကို ၀န်ခံဖြေဆိုမူမှ ကာကွယ်စောင့်ရှောက်ပေး နေစရာမလို၊ ငါကလည်း တပည့်တို့ထံမှ ၀န်ခံဖြေဆိုမူမှ ကာကွယ်စောင့်ရှောက်မူကို မလိုလား၊ မတောင့်တ။


၅။ ဉာဏ်အမြင် စင်ကြယ်သူဖြစ်၍ “ငါသည် ဉာဏ်အမြင် စင်ကြယ်သည်၊ ဉာဏ်အမြင်သည် မညစ်မနွမ်း၊ စင်ကြယ် တောက်ပနေသည်” ဟု ၀န်ခံသည်။

တပည့်တို့ကလည်း ငါ့ကို ဉာဏ်အမြင်မှ ကာကွယ်စောင့်ရှောက်ပေး နေစရာမလို၊ ငါကလည်း တပည့်တို့ထံမှ ဉာဏ်အမြင်မှ ကာကွယ်စောင့်ရှောက်မူကို မလိုလား၊ မတောင့်တ။



ဆောင် - သီလအစု၊ သက်မွေးမူနှင့်၊ ဟောမူတရား၊ ဖြေကြားဉာဏ်မြင်၊ ငါးခွင်ဆိုင်ရာ၊ မရှိပါလတ်၊ ရှိသည်မှတ်ငြား၊ တပည့်များထံ၊ လိုလားပြန်၊ ငါးတန် ဆရာမျိုး။

ဒသမသုတ် ပြီး၏

၅-ခုမြောက်သော ကကုဓ၀ဂ် ပြီးပြီ။

ဒုတိယ သုတ်-၅၀ ပြီးပြီ။

န၀မသုတ် ပြီး၏။

No comments:

Post a Comment