ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 March 2011

၉။ အက္ခမသုတ်


မင်းနှင့် မထိုက်တန်သော ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် မင်းနှင့် မထိုက်တန်၊ မင်း မသုံးဆောင်အပ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု မခေါ်ဝေါ်နိုင်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


အဆိုပါ ဆင်၏ အာရုံများကို သည်းမခံနိုင်ပုံမှာ -

စစ်မြေပြင်သို့ သွားသည်ရှိသော်

၁။ ဆင်အပေါင်း, မြင်းအပေါင်း, ရထားအပေါင်း, ခြေလျင်သူရဲတို့တွင် တစ်မျိုးမျိုးကို မြင်၍ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၂။ ဆင်သံ, မြင်းသံ, ရထားသံ, ခြေလျင် သူရဲသံများနှင့် စည်ကြီးသံ, ထက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့တွင် တစ်မျိုးမျိုးကို ကြား၍ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွား၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၃။ ဆင်မျိုးကောင်းလည်း ဖြစ်, စစ်မြေပြင်၌လည်း ကျက်စားကြသည့် မင်းစီးဆင်တော်တို့၏ ကျင်ကြီး ကျင်ငယ်နံ့ကို နမ်းရူမိ၍ တွန့်ဆုတ်သွားသည်၊ ပို၍လည် တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့ မခံနိုင်တော့၊ ရင်ဆိုင် မတိုက်ဝံ့တော့။

၎။ တစ်ရက်မျှ အစောရေစာ မရ၍ဖြစ်စေ နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရ၍ဖြစ်စေ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။

၅။ မြားတစ်ချောင်း စူးဝင်ခံရသည်ဖြစ်စေ မြား နှစ်, သုံး, လေး, ငါး ချောင်း စူးဝင်ခံရသည်ဖြစ်စေ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင်မတိုက်ဝံ့တော့။


သံဃာ့ဂုဏ်မထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း မခံထိုက်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း မခံထိုက်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း မခံထိုက်, လက်အုပ်ချီခြင်းကိုလည်း မခံထိုက်, သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း မဟုတ်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


ရဟန်း၏ အာရုံများကို သည်းမခံနိုင်ပုံမှာ -

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ အလွန် တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ တက်မက်ဖွယ်ဖြစ်သော သဒ္ဒါရုံ၌ အလွန် တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရူ၍ တပ်မက်ဖွယ်ဖြစ်သာ ဂန္ဓာရုံ၌ အလွန်တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၎။ လျှာဖြင့် ရသာရုံကို လျက်၍ တပ်မက်ဖွယ် ဖြစ်သော ရသာရုံ၌ အလွန်တပ်မက်သည်၊ စိတ်ကို ထိန်းမထားနိုင်။

၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခံစား၍ တပ်မက်ဖွယ် ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ အလွန်တပ်မက်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းခံနိုင်သည်။

၂။ သဒ္ဓါ(အသံ) များကို သည်းခံနိုင်သည်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းခံနိုင်သည်။

၎။ ရသာရုံ(အရသာ) များကို သည်းခံနိုင်သည်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းခံနိုင်သည်။


အဆိုပါ ဆင်၏ အာရုံများကို သည်းခံနိုင်ပုံမှာ -

စစ်မြေပြင်သို့ သွားသည်ရှိသော်

၁။ ဆင်အပေါင်း, မြင်းအပေါင်း, ရထားအပေါင်း, ခြေလျင်သူရဲတို့တွင် တစ်မျိုးမျိုးကို မြင်၍ မတွန့်ဆုတ်၊ ပို၍လည်းမတွန့်ဆုတ်၊ ကြံကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၂။ ဆင်သံ, မြင်းသံ, ရထားသံ, ခြေလျင် သူရဲသံများနှင့် စည်ကြီးသံ, တက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့တွင် တစ်မျိုးမျိုးကို ကြား၍ မတွန့ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၃။ ဆင်မျိုးကောင်းလည်း ဖြစ်, စစ်မြေပြင်၌လည်း ကျက်စားကြသည့် မင်းစီးဆင်တော်တို့၏ ကျင်ကြီး ကျင်ငယ်နံ့ကို နမ်းရူမိ၍ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၎။ တစ်ရက်မျှ အစာရေစာ မရ၍ဖြစ်စေ နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရ၍ဖြစ်စေ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ် ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။

၅။ မြားတစ်ချောင်း စူးဝင်ခံရသည်ဖြစ်စေ မြား နှစ်, သုံး, လေး, ငါးချောင်း စူးဝင်ခံရသည် ဖြစ်စေ မတွန့်ဆုတ်၊ ပို၍လည်း မတွန့်ဆုတ်၊ ကြံ့ကြံ့ခံနိုင်သည်၊ ရင်ဆိုင်တိုက်ဝံ့သည်။


သံဃာ့ဂုဏ်ထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံထိုက်သည်, အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းခံနိုင်သည်။

၂။ သဒ္ဓါ(အသံ) များကို သည်းခံနိုင်သည်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းခံနိုင်သည်။

၎။ ရသာရုံ(အရသာ) များကို သည်းခံနိုင်သည်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းခံနိုင်သည်။


အဆိုပါ ရဟန်း၏ အာရုံများကို သည်းခံနိုင်ပုံမှာ -

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ တက်မက်ဖါယ်ဖြစ်သော သဒ္ဒါရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရူ၍ တပ်မက်ဖွယ်ဖြစ်သာ ဂန္ဓာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၎။ လျှာဖြင့် ရသာရုံကို လျက်၍ တပ်မက်ဖွယ် ဖြစ်သော ရသာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခံစား၍ တပ်မက်ဖွယ် ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ အလွန် မတပ်မက်၊ စိတ်ကို ထိန်းထားနိုင်သည်။

ဆောင် - အာရုံငါးတန်၊ သည်းမခံနိုင်၊ နှစ်တန် ပေါ့သွမ်း၊ ဆင်, ရဟန်းကား၊ မင်းအား မထိုက်၊ ဂုဏ်မထိုက်၊ အမိုက်ဖြစ်ရုံသာ။

န၀မသုတ် ပြီး၏။

No comments:

Post a Comment