ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 8 March 2011

၇။ ကထာသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အာနာပါနဿတိကို မှီဝဲသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်သည် (ရဟန္တာဖြစ်သွားနိုင်သည်)။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ၂။ ၃။ (ရှေ့သုတ်နှင့် တူသည်)

၎။ ကိလေသာကိုလည်း လွန်စွာခေါင်းပါးစေပြီး စိတ်ပွင့်လင်းကြောင်း သမထ၀ိပဿနာနှင့် လည်း လျောက်ပတ်သော စကားမျိုးကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရနိုင်သည်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။

အဆိုပါ စကားမျိုးဟူသည်မှာ - (ထေရ၀ဂ်၊ ဒုတိယသေခသုတ် လာအတိုင်း မှတ်လေ)

၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်သည်၊ (ဆင်ခြင်ပြီး အထက်သို့ တက်ဖို့ ကြိုးစားသည်)။

ဆောင် - ကိစ္စလည်း နည်း၊ စာသောက်နည်းနှင့် အိပ်နည်း နိုးကြား၊ ဆယ်ပါး ကထာ၊ လွတ်လာ စိတ်စဉ် ရူဆင်ခြင်ကာ၊ အာနာပါန၊ ပွါးများကာလျှင်၊ မကြာခင်၊ မှန်ပင် အရဟတ္တဖိုလ် ထိုးထွင်းသိ။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment