ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၃။ မဟာစောရသုတ်


ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် ခိုးသား/ ဓားပြကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်းသည်၊ ရွာကိုသော်လည်း တိုက်ခိုက်လုယူသည်၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူသည်၊ လမ်းခရီး၌ စောင့်၍သော်လည်း တိုက်ခိုက် လုယူသည်၊ လမ်းခရီး၌ စောင့်၍သော်လည်း တိုက်ခိုက် လုယူသည်၊
ယင်း ၅-မျိုးမှာ -

ဤလောက၌ ခိုးသူကြီးသည် -

၁။ လိုက်ဖမ်းဖို့ ခက်ခဲသော အရပ်ကိုသော်လည်း အမှီရသည်။

၂။ တောအုပ်ကိုသော်လည်း အမှီရသည်။

၃။ အရှိန်အ၀ါကြီးသူကိုသော်လည်း အမှီရသည်။

၎။ ပစ္စည်းဥစ္စာကိုသော်လည်း စွန့်ကြံလေ့ရှိသည်။

၅။ တစ်ယောက်တည်းသော်လည်း သွားလာတတ်သည်။


ဤနေရာ၌ -

၁။ လိုက်ဖမ်းဖို့ ခက်ခဲသောအရပ် ဟူသည်မှာ -

ကူးသန်းသွားလာဖို့ ခက်ခဲသော မြစ်, တောင် စသည်တည်း။


၂။ တောအုပ် ဟူသည်မှာ -

ကိုင်းတော ကျူတော သစ်တော စသည်တည်း။


၃။ အရှိန်အ၀ါကြီးသူ ဟူသည်မှာ -

မိမိကို ကာကွယ်ပေးနိုင်သည့် မင်း, အမတ်ကြီး, ၀န်ကြီး စသော ရာထူးကြီးသူတည်း။


၎။ စည်းစိမ်ဥစ္စာကို စွန့်ကြဲလေ့ရှိသည် ဟူသည်မှာ -

အပြစ်ဖုံးဖိရန်, လက်ဆောင်ပေးရန် စသည်အတွက် စွန့်ကြဲပေးကမ်းလေ့ရှိခြင်းတည်း။


၅။ တစ်ယောက်တည်း သွားလာတတ်သည် ဟူသည်မှာ -

မိမိလုပ်ငန်းများ သူတပါးမသိအောင် လျှို့ဝှက်ဖုံးကွယ်လို၍ တစ်ယောက်တည်း သွားလာလုယူခြင်းတည်း။


ဤအတူသာလျှင် -

ရဟန်းယုတ်သည် ဆိုလတံ့သော အချက် ၅-မျိုးနှင့် ပြည့်စုံလျှင် -

ကိုယ့်ဂုဏ်ကို ကိုယ် ဖျက်ဆီးနေသည်မည်သည်။

အပြစ်မကင်းသူလည်း ဖြစ်သည်။

ပညာရှိတို့၏ စွပ်စွဲမူကိုလည်း ခံရသည်။

မကောင်းမူ မြောက်များစွာကိုလည်း တိုးပွါးအောင် လုပ်နေသူ မည်သည်။


ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းယုတ်သည် -

၁။ မကောင်းသော အရပ်ကိုသော်လည်း အမှီရသည်။

၂။ တောအုပ်ကိုသော်လည်း အမှီရသည်။

၃။ အရှိန်အ၀ါကြီးသူကိုသော်လည်း အမှီရသည်။

၎။ စည်းစိမ်ဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိသည်။

၅။ တစ်ယောက်တည်းသော်လည်း သွားလာတတ်သည်။


ဤအရာ၌ -

၁။ မကောင်းသော အရပ် ဟူသည်မှာ -

မကောင်းသော ကာယကံ, ၀စီကံ, မနောကံများ ဖြစ်သည်။

ယင်း မကောင်းသော ကံတို့ကို ကျူးလွန်ခြင်းသည် “မကောင်းသော အရပ်ကို မှီရသည်” မည်သည်။


၂။ တောအုပ် ဟူသည်မှာ -

သဿတ, ဥစ္ဆေဒ - ဟူသော နိယတ မိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။

ယင်းမိစ္ဆာအယူကို ယူခြင်းသည် “အရှိန် အ၀ါကြီးသူကို အမှီရသည်” မည်သည်။


၎။ စည်းစိမ်ဥစ္စာ ဟူသည်မှာ -

ဆွမ်း, သင်္ကန်, ကျောင်း, ဆေး ဟူသော ပစ္စည်းလာဘ်လာဘများ ဖြစ်သည်။

ယင်း ပစ္စည်း လာဘ်လာဘများကို မိမိအပြစ်ကို ဖုံးဖိရန်နှင့် တံစို့ လက်ဆောင်အတွက် ပေးကမ်းခြင်းသည် “စည်းစိမ်ဥစ္စာကို စွန့်ကြဲခြင်း” မည်သည်။


၅။ တစ်ယောက်တည်း ဟူသည်မှာ -

အဖော်မမှီး မိမိတစ်ပါးတည်းပင် ဖြစ်သည်။

ယင်းသို့ မိမိတစ်ပါးတည်းသာ အစွန်အဖျား ဇနပုဒ် ကျေးရွာ အိမ်များသို့ လာဘ်လာဘရဖို့အတွက် လှည့်လည်နေထိုင်ခြင်းသည် “တစ်ယောက်တည်း သွားလာသည်” မည်သည်။

ဆောင် - သွားလာ ခက်ရပ်၊ တောအုပ်ရပ်နှင့်၊ မှီလတ် အားကြီး၊ ပစ္စည်းပေးနိုင်၊ သွားနိုင် တကိုယ်တည်း၊ သူခိုးကြီး၊ အပြီး ခိုးဆိုး တိုက်ခိုက်နိုင်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment