ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၂။ ၀ီတရာဂသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်ခင်ထိုက် မမြတ်နိုးထိုက် အလေးဂရုမပြုထိုက် မချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ရာဂမကင်း၊

၂။ ဒေါသမကင်း၊

၃။ မောဟမကင်း၊

၎။ ကျေးဇူး ကန်းသည်၊

၅။ ဂုဏ်တု ဂုဏ်ပြိုင်ပြုသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလေးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ရာဂ ကင်းသည်၊

၂။ ဒေါသ ကင်းသည်၊

၃။ မောဟ ကင်းသည်၊

၎။ ကျေးဇူးမကန်း၊

၅။ ဂုဏ်တုဂုဏ်ပြိုင် မလုပ်


ဆောင် - ရာဂ, ဒေါသ၊ မောဟ မကင်း၊ ဂုဏ်ဖျက်ခြင်းနှင့်၊ ပြိုင်လျှင်း ဂုဏ်ဝါ၊ ငါးဖြာ ရှိနေ၊ ထိုမထေရ်၊ ရိုသေလေးမြတ် မပြုအပ်။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment