ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၉။ ပထမ သေခသုတ်


ရဟန်းတို့ ! ဤဆိုလတံ့သော တရား ၅-မျိုးသည် သေက္ခ(ကျင့်ဆဲ) ရဟန်းအတွက် အထက်အထက် ဂုဏ်တို့မှ ဆုတ်ယုတ်ကြောင်းများဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ လုပ်ငန်းသစ်၌ ပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း နေခြင်း)

၂။ စကားပြောခြင်း၌ ပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန် ဖြုန်းနေခြင်း)

၃။ အိပ်ခြင်း၌ ပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း)

၎။ အပေါင်းအဖော်၌ ပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန် ဖြုန်းနေခြင်း)

၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို မဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ မကြိုးစားခြင်း) တို့ဖြစ်သည်။


ဤဆိုလတံ့သော တရား ၅-မျိုးသည် သေက္ခ(ကျင့်ဆဲ) ရဟန်းအတွက် အထက်အထက် ဂုဏ်တို့မှ မဆုတ်ယုတ်ကြောင်းများ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ လုပ်ငန်းသစ်၌ မပျော်ပိုက်ခြင်း (လုပ်ငန်းသစ်များဖြင့် အချိန်ဖြုန်း မနေခြင်း)

၂။ စကားပြောခြင်း၌ မပျော်ပိုက်ခြင်း (စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)

၃။ အိပ်ခြင်း၌ မပျော်ပိုက်ခြင်း (အိပ်ခြင်းဖြင့် အချိန်ဖြုန်း မနေခြင်း)

၎။ အပေါင်းအဖော်၌ မပျော်ပိုက်ခြင်း (အပေါင်းအသင်းဖြင့် အချိန်ဖြုန်း မနေခြင်း)

၅။ ကိလသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်ခြင်း (ဆင်ခြင်ပြီး အထက်တက်ဖို့ ကြိုးစားခြင်း) တို့ဖြစ်သည်။

ဆောင် - မူးသစ်, စကား၊ အိပ်, ဖော်များ၌၊ မွေ့ပျော်ပိုက်လတ်၊ လွတ်မြောက်စိတ်စဉ်၊ မဆင်ခြင်၊ ငါးအင်သေက္ခ၊ ဆုတ်ယုတ်ရ။

မှတ်ချက် -ဤသေက္ခဆုတ်ယုတ်ကြောင်းများသည် ပုထုဇဉ်အတွက် ဆိုဖွယ်ရာမရှိ၊ နဂိုကပင် ရှိနေပြီးသား ဖြစ်သည်။

န၀မသုတ် ပြီး၏။

No comments:

Post a Comment