ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၁၂။ အန္ဓက ၀ိန္ဒ၀ဂ် (အန္ဓက ၀ိန္ဒအရပ်၌ ဟောသည့် သုတ်ပါသော အခန်း)


၁။ ကုလူပကသုတ်

ရဟန်းတို့ ! လူတို့အိမ်သို့ သွားရောက်ချဉ်းကပ်တတ်သည့် ရဟန်းသည် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံမူ အိမ်သူ အိမ်သားတို့ မချစ်ခင်, မမြတ်နိုး, မလေးစားအပ်သူလည်း ဖြစ်သည်၊ မချီးမွမ်းထိုက်သူလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ အဆွေခင်ပွန်း မဟုတ်ပါဘဲလျက် အကျွမ်းတ၀င်လည်း ပြုလုပ်တတ်သည်။

၂။ မစိုးပိုင်ဘဲလျက်လည်း ပိုင်စိုး ပိုင်နင်း စီရင်တတ်သည်။

၃။ စိတ်ဝမ်းကွဲပြား၍ ကြဉ်ဖယ်ထားသူတို့ကိုလည်း မနှစ်မြို့ဖွယ် ၀င်ရောက်စွက်ဖက် စေ့စပ်ပေးလေ့ရှိသည်။

၎။ နားရင်းသို့ ကပ်၍လည်း တီးတိုး ပြောလေ့ရှိသည်။

၅။ အလိုက်မသိ အတောင်းအရမ်းများသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံမူ အိမ်သူအိမ်သားတို့ ချစ်ခင်, မြတ်နိုး, လေးစားအပ်သူလည်း ဖြစ်သည်၊ ချီးမွမ်းထိုက်သူလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ အဆွေခင်ပွန်း မဟုတ်ပါဘဲလျက် အကျွမ်းတ၀င်လည်း မပြုလုပ်တတ်။

၂။ မစိုးပိုင်ဘဲလျက်လည်း ပိုင်စိုးပိုင်နင်း မစီရင်တတ်။

၃။ စိတ်ဝမ်းကွဲပြား၍ ကြဉ်ဖယ်ထားသူတို့ကိုလည်း မနှစ်မြို့ဖွယ် ၀င်ရောက်စွက်ဖက် စေ့စပ်ပေးလေ့မရှိ။

၎။ နားရင်းသို့ ကပ်၍လည်း တီးတိုး ပြောလေ့မရှိ။

၅။ အတောင်းအရမ်း မများ။

ဆောင် - ဆွေမျိုးမဟုတ်၊ ကျွမ်းဝင် လုပ်ကိုင်၊ ပိုင်စိုး ပိုင်နင်း၊ စီရင်ခြင်းနှင့်၊ အတင်း စေ့စပ်၊ ကပ်ပြော နားရင်း၊ တောင်းရမ်းခြင်း များ၊ ငါးပါး ပြည့်လျှမ်း၊ ထိုရန်းမူ၊ အိမ်နေသူများ မလေးစား၊ မှတ်သား မကြည်ဖြူ။

ပထမသုတ် ပြီး၏။

No comments:

Post a Comment