ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၇။ ၀ပကာသသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် သံဃာမှ တစ်ယောက်တည်း ထွက်၍ နေရန် မထိုက်တန်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရရာ သင်္ကန်းဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၂။ ရရာ ဆွမ်းဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၃။ ရရာ ကျောင်း အိပ်ရာ နေရာဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၎။ ရရာ ဆေးဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၅။ ကာမဂုဏ်တို့၌ အကြံအစည်များလျက် နေသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည်သံဃာမှ တစ်ယောက်တည်း ထွက်၍ နေရန် ထိုက်တန်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည်။

၁။ ရရာ သင်္ကန်းဖြင့် ရောင့်ရဲတင်းတိမ်သည်။

၂။ ရရာ ဆွမ်းဖြင့် ရောင့်ရဲတင်းတိမ်သည်။

၃။ ရရာ ကျောင်း အိပ်ရာ နေရာဖြင့် ရောင့်ရဲတင်းတိမ်သည်။

၎။ ရရာ ဆေးဖြင့် ရောင့်ရဲတင်းတိမ်သည်။

၅။ ကာမဂုဏ်အာရုံ မများ၊ ကာမဂုဏ်မှ ကင်းလွတ်မူ၌သာ တွေးတောကြံစည်သည်။

ဆောင် - သင်္ကန်း, ဆွမ်းများ၊ ကျောင်း, ဆေးဝါးမှာ၊ ရလာသမျှ၊ ရောင့်ရဲမျှနှင့်၊ ကာမ မကြံ၊ ဤငါးတန်၊ ထိုက်တန် တစ်ယောက်တည်း နေဖို့သင့်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment