ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၈။ ဒုတိယဣဒ္ဓိပါဒသုတ်



ရဟန်းတို့ ! ငါဘုရားအလောင်းသည် သစ္စာတရားကို မသိမီ ရှေးဦးကပင် ဆိုလတံ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများခဲ့ပြီ။

ယင်း ၅-မျိုးမှာ -

ငါဘုရားအလောင်းသည် -

၁။ ဆန္ဒဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ဆန္ဒိဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

၂။ ၀ီရိယဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ၀ီရိယိဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

၃။ စိတ်ဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော စိတ္တိဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

၎။ ပညာဦးဆောင်သည့် တည်ကြည်မူ, အားထုတ်မူ ဟူသော ၀ီမံသိဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

၅။ လွန်ကဲပြင်းထန်စွာ အားထုတ်မူ လုံ့လ၀ီရိယလျှင် ၅-ခုမြောက်ရှိသည့် ဤတရားတို့ကို ကြိမ်ဖန်များစွာ လေ့လာပွါးများခြင်းကြောင့် ဣဒ္ဓိဝိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းငှါ ဣဒ္ဓိဝိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော တရားသဘောသို့ စိတ်ကို ရှေးရူ ညွတ်စေသည်။

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်း ဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရားသည် ရှိတိုင်း ရှိတိုင်း ထိုထို မျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း စသော သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း စသည်သို့ ရောက်သည်။ (ဣဒ္ဓ-တန်ခိုး၊ ၀ိဓ-အမျိုးမျိုး၊ အဘိညာဉ်-ထူးသောဉာဏ်)

(ဣဒ္ဓိဝိဓအဘိညာဉ်စသည်သို့ ရောက်ပုံကို ပဉ္စ င်္ဂိက၀ဂ်၊ ဥပက္ကိလေသသုတ်၌ ဆိုခဲ့ပြီးတိုင်း သိလေ။)


ဆောင် - ဆန္ဒ, ၀ီရိယ၊ စိတ္တ, ၀ီမံသာ၊ ဆိုင်ရာ သမာဓိ၊ လေး ဣဒ္ဓိနှင့်၊ ကဲဘိ လုံ့လာ၊ ဤငါးဖြာကို၊ လွန်စွာ ကြိုးစား၊ ပွါးခဲ့ငြားကြောင့်၊ ဘုရားမဖြစ်ခင်၊ အဘိညာဉ်၊ ငါလျှင် ရောက်ခဲ့သည်။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment