ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 March 2011

၆။ တတိယ သဒ္ဓမ္မသမ္မောသသုတ်


ရဟန်းတို့ ! သူတော်ကောင်းတရားဟူသော သာသနာကွယ်ပျောက်ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ ပါဠိ, ပုဒ်ဗျည်းတို့ကို မမှန်မကန် သင်ယူထားသဖြင့် ယင်း၏ အနက်သဘောကိုလည်း သိဖို့ မလွယ်ကူချေ။

၂။ အပြောအဆို ခက်ကြောင်း တရားများ လက်ကိုင် ထားသဖြင့် အပြောအဆို ခက်ကြသည်၊ သည်းမခံကြ၊ အဆုံးအမကို ရိုသေစွာ မနာယူကြ။

၃။ ဓမ္မ, ၀ိနယ, ပါတိမောက်ကို ဆောင်ထားကြသည့် ဗဟုသုတရှိကြသော ရဟန်းတို့သည် ပါဠိတော်ကို သူတပါးအား လေးလေးစားစားပို့ချ မပေးကြ၊ ထိုရဟန်းတို့ ကွယ်လွန်သွားသောအခါ ဘုရားဟော ပါဠိတော်လည်း အမြစ်ရင်းပြတ်ပြီး ထောက်တည်ရာ မကျန်တော့။

၎။ မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် ကျင့်ကြသည်။

သိက္ခာသီလကိုတော့ လျော့ပေါ့စွာ ကျင့်ကြသည်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏ တရား ၅-ပါးကို ရှေ့တန်း တင်ကြသည်၊ ၀ိဝေက(ဆိတ်ငြိမ်ခြင်း) တရားကို တာဝန်မဲ့ ထားကြသည်၊ မရ မရောက်သေးသည့် ဈာန်, မဂ်, ဖိုလ်ကို ရရောက်ရန်နှင့် မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မကြိုးစားကြ။

ထိုမထေရ်ကြီးတို့၏ နောင်လာနောက်သား ဆရာ, တပည့်စဉ်ဆက်တို့သည်လည်း သူတို့ဆရာများ လမ်းစဉ်အတိုင်း လာဘ်ပေါရန် ဘုန်းကြီးရန် စသည်ဖြင့် အတုလိုက်ကာ ကျင့်ကြသည်။

၅။ သံဃာ ကွဲပြားသည်၊ သံဃာ ကွဲပြားသည်ရှိသော် အချင်းချင်း ဆဲရေးလည်း ဆဲရေးကြ, ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြ, ပစ်ပယ်လည်း ပစ်ပယ်ကြ, စွန့်လည်း စွန့်ကြသည်၊ ထိုသံဃာကွဲပြားခြင်းကြောင့် မကြည်ညိုသေးသူတို့လည်း ကြည်ညိုမလာကုန်၊ ကြည်ညိုပြီးသူ အချို့တို့လည်း အကြည်ညိုပျက်ကြသည်။


သာသနာတည်တံ့ကြောင်း တရား ၅-မျိုး ဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ပါဠိ, ပုဒ်ဗျည်းတို့ကို မမှန်မကန် သင်ယူထားသဖြင့် ယင်း၏ အနက်သဘောကိုလည်း သိဖို့ လွယ်ကူသည်။

၂။ အပြောအဆို ခက်ကြောင်း တရားများ လက်ကိုင် ထားသဖြင့် အပြောအဆို ခက်ကြသည်၊ သည်းမခံကြ၊ အဆုံးအမကို ရိုသေစွာ နာယူကြသည်။

၃။ ဓမ္မ, ၀ိနယ, ပါတိမောက်ကို ဆောင်ထားကြသည့် ဗဟုသုတရှိကြသော ရဟန်းတို့သည် ပါဠိတော်ကို သူတပါးအား လေးလေးစားစားပို့ချ မပေးကြ၊ ထိုရဟန်းတို့ ကွယ်လွန်သွားသောအခါ ဘုရားဟော ပါဠိတော်လည်း အမြစ်ရင်းပြတ်ပြီး ထောက်တည်ရာ ရှိသည်။

၎။ မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ကြ။

သိက္ခာသီလကိုတော့ လျော့ပေါ့စွာ ကျင့်ကြသည်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏ တရား ၅-ပါးကို ရှေ့တန်း တင်ကြသည်၊ ၀ိဝေက(ဆိတ်ငြိမ်ခြင်း) တရားကို တာဝန်မဲ့ ထားကြသည်၊ မရ မရောက်သေးသည့် ဈာန်, မဂ်, ဖိုလ်ကို ရရောက်ရန်နှင့် မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားကြသည်။

ထိုမထေရ်ကြီးတို့၏ နောင်လာနောက်သား ဆရာ, တပည့်စဉ်ဆက်တို့သည်လည်း သူတို့ဆရာများ လမ်းစဉ်အတိုင် အတုလိုက်ကာ လိုက်နာ ကျင့်ကြံကြသည်။

၅။ သံဃာသည် အညီအညွတ် ၀မ်းမြောက်ဝမ်းသာ ငြင်းခုံခိုက်ရန်မရှိဘဲ ပါတိမောက်အတူပြလျက် ချမ်းသာစွာ နေသည်၊ သံဃာညီညွတ်သည်ရှိသော် အချင်းချင်း ဆဲရေးလည်း မဆဲရေးကြ၊ ခြိမ်းခြောက်လည်း မခြိမ်းခြောက်ကြ၊ ပစ်ပယ်လည်း မပစ်ပယ်ကြ၊ စွန့်လည်း မစွန့်ကြ၊ ထိုသံဃာ ညီညွတ်ခြင်းကြောင့် မကြည်ညိုသေးသူတို့လည်း ကြည်ညိုကြသည်။ ကြည်ညိုပြီးသူတို့လည်း အကြည်ညို တိုးပွါးရန် ဖြစ်သည်။

ဆောင် - ၀ါ တစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ မူ၊ စာချသူ ရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤ ၅-ပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။ (၀ိသုဒ္ဓါရုံ)

ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment