ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၈။ သမဏသုခသုတ်


ရဟန်းတို့ ! ရဟန်း၏ ဆင်းရဲကြောင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရရာ သင်္ကန်းဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၂။ ရရာ ဆွမ်းဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၃။ ရရာ ကျောင်း အိပ်ရာ နေရာဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၎။ ရရာ ဆေးဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်။

၅။ မြတ်သော အကျင့်ကို မပျော်ပိုက်ဘဲ ကျင့်သည်။


ရဟန်း၏ ချမ်းသာကြောင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရရာ သင်္ကန်းဖြင့် ရောင့်ရဲတင်းတိမ်သည်။

၂။ ရရာ ဆွမ်းဖြင့် ရောင့်ရဲတင်းတိမ်သည်။

၃။ ရရာ ကျောင်း အိပ်ရာ နေရာဖြင့် ရောင့်ရဲတင်းတိမ်သည်။

၎။ ရရာ ဆေးဖြင့် ရောင့်ရဲတင်းတိမ်သည်။

၅။ မြတ်သော အကျင့်ကို ပျော်ရွှင်စွာ ကျင့်သည်။

ဆောင် - သင်္ကန်း, ဆွမ်းများ၊ ကျောင်း, ဆေးဝါးမှာ၊ ရလာသမျှ၊ ရောင့်ရဲမျှလတ်၊ အမြတ်ကျင့်တွင်၊ ပျော်မွေ့ခင်၊ ငါးအင် သမဏသုခများ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment