ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၃။ ပထမ ဥပဋ္ဌာကသုတ်


ရဟန်းတို့ ! ဆိုလတံ့သော အချက်အလက် ၅-မျိုးနှင့် ပြည့်စုံသည့် သူနာသည် ပြုစုရ ခက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ အနာရောဂါနှင့် မသင့်တင့်သည်ကို ပြုလုပ်လေ့ရှိသည်။

၂။ အနာရောဂါနှင့် သင့်တင့်သည်၌ အတိုင်းအရှည်ကို မသိ။

၃။ သုံးစွဲသင့်သော ဆေးကို မမှီဝဲ။

၎။ ရောဂါတိုးမူ, လျော့မူ, တန့်နေမူ အခြေအနေများကို အကျိုးစီးပွါး လိုလားသူ သူနာပြုအား အမှန်အတိုင်း မပြောပြ။

၅။ ဖြစ်ပေါ်လာသည့် ရောဂါဝေဒနာတို့ကို အောင့်အည်းသည်းမခံနိုင်။

ယင်း ရောဂါဝေဒနာ ဟူသည်မှာ -

သည်းခံဖို့ရာ ခက်ခဲသော, အဆက်မပြတ် တရစပ်ဖြစ်ခြင်းအားဖြင့် ထူထပ်သော, ကြမ်းတမ်း ခက်ထန်သော, ထက်မြက်စူးရှသော, သာယာဖွယ်မရှိကုန်သော, မနှစ်မြို့ဖွယ် ဖြစ်သော, အသက်ကို ဆောင်ယူ ပယ်ရှားနိုင်သော ရောဂါဝေဒနာများတည်း။


ဆိုလတံ့သော အချက်အလက် ၅-မျိုးနှင့် ပြည့်စုံသည့် သူနာသည် ပြုစုရ လွယ်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ အနာရောဂါနှင့် သင့်တင့်အောင် ပြုလုပ်လေ့ရှိသည်။

၂။ အနာရောဂါနှင့် သင့်လျော်သည်၌ အတိုင်းအရှည်ကို သိသည်။

၃။ သုံးစွဲသင့်သော ဆေးကို မှီဝဲသည်။

၎။ ရောဂါ တိုးမူ, လျော့မူ, တန့်နေမူ အခြေအနေများကို အကျိုးစီးပွါး လိုလားသူ သူနာပြုအား အမှန်အတိုင်း ပြောပြသည်။

၅။ ဖြစ်ပေါ်လာသည့် ရောဂါဝေဒနာတို့ကို အောင့်အည်းသည့် ရောဂါဝေဒနာတို့ကို အောင့်အည်း သည်းခံနိုင်သည်။

ယင်း ရောဂါဝေဒနာ ဟူသည်မှာ -

(ရှေ့နှင့် တူသည်)
ဆောင် - မလျော် ပြုတတ်၊ လျောက်ပတ် မသိ၊ ပေးသည့် ဆေးဝါး၊ မစား ပြောတိုင်း၊ မှန်တိုင်း မဖြေ၊ ဝေဒနာဒဏ်၊ သည်းမခံဟု၊ ဤငါးခု၊ ပြုစုခက်ခဲ လူနာပဲ။

တတိယသုတ် ပြီး၏။

No comments:

Post a Comment