ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၅။ နိရယသုတ်


ရဟန်းတို့ !

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -
၁။ သူ့အသက်ကို သတ်တတ်သည်။

၂။ ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ယူတတ်သည်။

၃။ ကိုယ်ပိုင် မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံ တတ်သည်။

၎။ မဟုတ်မမှန် ပြောဆိုတတ်သည်။

၅။ ယစ်မူး မေ့လျော့ကြောင်းဖြစ်သည့် သေရည်, အရက်ကို သောက်စားတတ်သည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် ဆောင်ယူ ချထားသည်နှင့်မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။

၂။ ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်သည်။

၃။ ကိုယ်ပိုင် မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်သည်။

၎။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်သည်။

၅။ ယစ်မူး မေ့လျော့ကြောင်းဖြစ်သည့် သေရည်, အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သည်။

ဆောင် - ငါးပါးသီလ၊ မလုံက၊ မုချ ငရဲရောက်။
ငါးပါးသီလ၊ လုံခြုံက၊ မုချ နတ်ပြည်ရောက်။


ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment