ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၎။ တိကဏ္ဍကီသုတ်


မြတ်စွာဘုရား သာကေတမြို့ ဆူးလေတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားက “ရဟန်းတို့” ဟု ခေါ်တော်မူလျှင် “အရှင်ဘုရား” ဟု ရဟန်းတို့က ပြန်လျှောက်ကြသည်။

မြတ်စွာဘုရားက ဤသို့ ဆက်လက် မိန့်ကြားတော်မူသည် -

ရဟန်းတို့ ငါတိုက်တွန်းသည်။

ရဟန်းသည် အခါအခွင့်သင့်တိုင်း -

၁။ စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်ထား၍ နေရမည်။ (ဣဋ္ဌာရုံ၌ အသုတအားဖြင့်လည်းကောင်း, အနိစ္စအားဖြင့် လည်းကောင်း ရူမှတ်ရမည်)

အကြောင်းမှာ -

တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလိုသောကြောင့်တည်း။


၂။ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ်ရွံရှာဖွယ်မရှိဟု အမှတ်ထား၍ နေရမည်။ (အနိဋ္ဌာရုံ၌ မေတ္တာပွါးခြင်းဖြင့် လည်းကောင်း, ဓာတ်ကမ္မဋ္ဌာန်းဖြင့်လည်းကောင်း ရူမှတ်ရမည်)

အကြောင်းမှာ -

ပြစ်မှားဖွယ်ရာတို့၌ ဒေါသ မဖြစ်စေလိုသောကြောင့်တည်း။


၃။ စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ် ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ထား၍ နေရမည်။

အကြောင်းမှာ -

တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလို, ပြစ်မှားဖွယ်ရာတို့၌ ဒေါသမဖြစ်စေလိုသောကြောင့်တည်း။


၎။ စက်ဆုပ်ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ စက်ဆုပ် ရွံရှာဖွယ် မရှိဟု အမှတ်ထား၍ နေရမည်။

အကြောင်းမှာ -

ပြစ်မှားဖွယ်ရာတို့၌ ဒေါသ မဖြစ်စေလို, တပ်မက်ဖွယ်ရာတို့၌ ရာဂ မဖြစ်စေလိုသောကြောင့်တည်း။


၅။ စက်ဆုပ် ရွံရှာဖွယ်ရှိသော အာရုံ၌ဖြစ်စေ, စက်ဆုပ်ရွံရှာဖွယ် မရှိသော အာရုံ၌ဖြစ်စေ ထိုအမှတ်သညာ နှစ်ပါးစုံကို ကြဉ်၍ လျစ်လျူရူကာ သတိ, ပညာ မလွတ်စေဘဲ နေရမည်။

အကြောင်းမှာ -

မည်သည့်အာရုံ မည်သည့်အရပ်၌ မဆို အနည်းငယ်မျှပင် ရာဂ, ဒေါသ, မော မဖြစ်စေလိုသောကြောင့်တည်း။

ဆောင် - ရွံဖွယ် မရှိရာ၊ ရွံဖွယ်သာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ရာဂ မဖြစ်စေရန်တည်း။

ရွံဖွယ်ရှိရာ၊ မရွံရှာ ဟု၊ ရူမှတ်မူ၊ မူတ်ရူ ဒေါသ မဖြစ်စေရန်တည်း။

ရွံဖွယ် မရှိ, ရှိရာ၊ ရွံဖွယ်သာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ရာဂ, ဒေါသ မဖြစ်စေရန်တည်း။

ရွံဖွယ် ရှိ, မရှိရာ၊ မရွံရှာ ဟု၊ ရူမှတ်မူ၊ မှတ်ရူ ဒေါသ, ရာဂ မဖြစ်စေရန်တည်း။

ရွံဖွယ် ရှိ, မရှိရာ၊ ဥပေက္ခာ ဟု၊ ရူမှတ်ပြု၊ မှတ်ရူ ရာဂ, ဒေါသ, မောဟ မဖြစ်စေရန်တည်း။


မှတ်ချက် - ဤသုတ်၌ ၅-ဋ္ဌာနလုံး ၀ိပဿနာကို ဟောသည်။

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment