ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၅။ မစ္ဆရိနီသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ နေရာကျောင်းကန်၌ နှမြောတွန့်တိုတတ်သည်၊ (အာဝါသမစ္ဆရိယ ရှိသည်)။

၂။ ဒါယကာတို့၌ နှမြောတွန့်တိုတတ်သည်၊ (ကုလမစ္ဆရိယ ရှိသည်)။

၃။ လာဘ်သပ်ပကာ၌ နှမြောတွန့်တိုတတ်သည်၊ (လာဘမစ္ဆရိယ ရှိသည်)။

၎။ ကိုယ်ရေးအဆင်း, ဂုဏ်သတင်း၌ နှမြောတွန့်တိုတတ်သည် (ဓမ္မမစ္ဆရိယ ရှိသည်)။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ နေရာ ကျောင်းကန်၌ မနှမြော မတွန့်တိုတတ်။

၂။ ဒါယကာတို့၌ မနှမြော မတွန့်တိုတက်။

၃။ လာဘ်သပ်ပကာ၌ မနှမြော မတွ့တိုတတ်။

၎။ ကိုယ်ရေးအဆင်း, ဂုဏ်သတင်း၌ မနှမြော မတွန့်တိုတတ်။

၅။ ပရိယတ်တရား၌ မနှမြော မတွန့်တိုတတ်။

ဆောင် - ကျောင်းကန်, ဒကာ၊ လာဘ်ပါ, ဆင်းဂုဏ်၊ တစ်ဖုံ ပရိယတ်၊ ဤငါးရပ်ကို၊ တွန့်တိုတတ်လျ၊ ရဟန်းမ၊ မုချ ငရဲရောက်။

မှတ်ချက် - ဤသုတ်၌ ဘိက္ခုနီ(ရဟန်းမ) ဟုသာ ဟောသော်လည်း အားလုံးနှင့် ဆိုင်သည်။

အာဝါသမစ္ဆရိယကြောင့် သံပူငရဲ၌ ဖြစ်ရသည်၊ ထိုမစ္ဆရိယဖြစ်ရာ နေရာ၌ ဘီလူး, ပြိတ္တာအဖြစ်ဖြင့် ကျက်စားရသည်။

ကုလမစ္ဆရိယကြောင့် ဥစ္စာမွဲ ဆင်းရဲရသည်။

လာဘမစ္ဆရိယကြောင့် မစင်ပုပ်ငရဲ၌ ဖြစ်ရသည်၊ ဘီလူး, ပြိတ္တာ, မြေဘုတ် စသည် ဖြစ်တတ်သည်။

ဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်ရာဘ၀တိုင်း၌ ကိုယ်ရေအဆင်း, ဂုဏ် သတင်း မပြည့်စုံတတ်။

ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်ရသည်၊ ပညာမတတ်သူ စသည် ဖြစ်ရတတ်သည်။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment