ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၆။ ဒုတိယ အနာယုဿာ သုတ်


ရဟန်းတို့ !

အသက်တိုကြောင်း တရား ၅-မျိုးမှာ -

၁။ မသင့်လျော်သည်ကို ပြုလုပ်လေ့ရှိသည် -

၂။ သင့်လျော်သည်၌ အတိုင်းအရှည်ကို မသိတတ်။

၃။ မကြေကျက်လွယ်သော အစာကို စားလေ့ရှိသည်။

၎။ သီလ မရှိ။

၅။ ယုတ်မာသော အဆွေခင်ပွန်းရှိသည်။


အသက်ရှည်ကြောင်း တရား ၅-မျိုးမှာ -

၁။ သင့်လျော်သည်ကို ပြုလုပ်လေ့ရှိသည်။

၂။ သင့်လျော်သည်၌ အတိုင်းအရှည်ကို သိသည်။

၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိသည်။

၎။ သီလ ရှိသည်။

၅။ မိတ်ကောင်းဆွေကောင်းရှိသည်။

ဆောင် - လျော်စွာ ပြုတတ်၊ လျောက်ပတ် တိုင်းရှည်၊ သိသည် တစ်ထွေ၊ ကြေလွယ် အစာ၊ စားတတ်ကာဘိ၊ သီလရှိတောင်း၊ မိတ်ကောင်းရှိလတ်၊ ဤငါးရပ်၊ မှတ်လင့် အသက်ရှည်ကြောင်းများ။

ဆဋ္ဌသုတ် ပြီး၏။

1 comment:

  1. ဘာသာရေး ဗဟုသုတလေးတွေ အဲဒိလောက်ထားရှိနိုင်တာ တစ်ကယ်ကိုလေးစားပါတယ်။ အေးချမ်းတဲ့ ဘ၀လေးကို တည်ဆောက်ဘို့ ဆိုရင် အေးချမ်းတဲ့ ဘာသာရေးက လွဲရင် အခြားမရှိနိုင်ပါဘူး။ စေတနာပန်းခင်းက လာလည်သွားတယ်နော်။ အောင်မြင်ပါစေ။

    ReplyDelete