ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 March 2011

၈။ ဘတ္တာဒကသုတ်


စာရင်းဝင်ရုံမျှ ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် အစာအစားတတ်ရုံမျှ, နေရာဖြုန်းတီးရုံမျှ, ကျင်ကြီးကျင်ငယ်စွန့်တတ်ရုံမျှ, မင်း၏ ဆင် ဟုခေါ်ဝေါ်ခံရရုံမျှ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။


စာရင်းဝင်ရုံမျှ ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် ဆွမ်းစားတတ်ရုံမျှ,
နေရာဖြုန်းတီးရုံမျှ, ညောင်စောင်း အင်းပျဉ်ကို ဖျက်ဆီးရုံမျှ, ရန်ုး ခေါ်ဝေါ်ခံရရုံမျှ ဖြစ်သည်။

ယင်း ၅-မျိုးမှာ

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရူပါရုံ(အဆင်း) များကို သည်းမခံနိုင်။

၂။ သဒ္ဓါ(အသံ) များကို သည်းမခံနိုင်။

၃။ ဂန္ဓာရုံ(အနံ့) များကို သည်းမခံနိုင်။

၎။ ရသာရုံ(အရသာ) များကို သည်းမခံနိုင်။

၅။ ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ) များကို သည်းမခံနိုင်။

ဆောင် - အာရုံငါးတန်၊ သည်းမခံနိုင်၊ နှစ်တန် ပေါ့သွမ်း ဆင်, ရဟန်းကား၊ စားရုံတတ်မျှ၊ ကျိုးမ၊ ခေါ်ရ သက်သက်သာ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment