ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 8 March 2011

၉။ သီဟသုတ်


ရဟန်းတို့ ! သားတို့သနင်း ခြင်္သေ့မင်းသည် -

ညနေချမ်းအခါ နေရာမှ ထွက်၍, ကြောချဉ်ဆန့်တန်း ကိုယ်လက်လူပ်ရှားလျက်, ပတ်ဝန်းကျင်အရပ် ၄-မျက်နှာကို စောင်းငဲ့ ကြည့်ရူပြီးနောက်, ၃-ကြိမ်ဟောက်လျက် စားကျက်သို့ ထွက်သည်။

ထိုခြင်္သေ့မင်းသည် -

၁။ ဆင်ကို သတ်ပုတ်ရာ၌လည်း -

ဂရုတစိုက်သာ သတ်ပုတ်သည်၊ ပေါ့ပေါ့တန်တန် မသတ်ပုတ်။


၂။ ၃။ ၄။ ထို့အတူ ကျွဲ, နွား, ကျားသစ် စသော သားကောင်များကို သတ်ပုတ်ရာ၌လည်း -

ဂရုတစုက်သာ သတ်ပုတ်သည်၊ မလေးမစား မသတ်ပုတ်။


၅။ အောက်ထစ်ဆုံး ယုန်, ကြောင် စသော သတ္တ၀ါကလေးများကို သတ်ပုတ်မူလည်း

ဂရုတစိုက် သတ်ပုတ်သည်၊ ပေါ့ပေါ့တန်တန် မသတ်ပုတ်။

အကြောင်းမှာ -

“ငါ၏ အားထုတ်မူလမ်းစဉ် မပျက်စီးပါစေလင့်” ဟု နှလုံးသွင်းသောကြောင့်တည်း။

သီဟ(ခြင်္သေ့) ဟူသော အမည်မှာ -

အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ငါဘုရား၏ အမည်တော်ပင် ဖြစ်သည်။

သီဟနာဒ(ခြင်္သေ့ဟောက်သံ) ဟူသည်မှာလည်း -

ငါဘုရား၏ တရားဟောခြင်းပင် ဖြစ်သည်။


ငါဘုရားသည် -

၁။ ၂။ ၃။ ၄။ ရဟန်း, ရဟန်းမ, ဒါယကာ, ဒါယိကာမ မည်သူကို မဆို တရားဟောရာ၌

လေးလေးစားစားသာ ဟောသည်၊ ပေါ့ပေါ့ တန်တန် မဟော။


၅။ အောက်ထစ်ဆုံး ကျေးကျွန်, မုဆိုး-စသော ပုထုဇဉ်တို့ကိုပင် ဟောရစေကာမူ -

လေးလေးစားစားသာ ဟောသည်၊ ပေါ့ပေါ့တန်တန် မဟော။

အကြောင်းမှာ -

ငါဘုရားသည် တရားတော်ကို ရိုသေလေးစား အလေးထားသောကြောင့် ဖြစ်သည်။

ဆောင် - သီဟ ဆိုရာ၊ ဘုရားသာ၊ မှန်စွာ မှတ်ကုန်ကြ။

မြတ်စွာဗုဒ္ဓ၊ ဟောဓမ္မ၊ သီဟနာဒ မှတ်ကုန်ကြ။

ရဟန်း ကျား/မ၊ လူ ကျား/မ နှင့်၊ ယုတ်စွာ့ ကျေးကျွန်၊ တရားညွန်က၊ အမှန်လေးထား ဟောဖော်ကြား၊

ဘုရားလမ်းစဉ် မှတ်ကုန်ကြ။


န၀မသုတ် ပြီး၏။

No comments:

Post a Comment