ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 21 March 2011

၎။ ယဿံဒိသံသုတ်


မိမိနိုင်ငံတွင်၌သာ နေထိုင်ရသူ

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်းမျိုး မင်းနွယ်လည်းဖြစ်, ဦးထိပ်၌ အဘိသိက်လည်း သွန်းအပ်ပြီးသော မင်းသည် မည်သည့်အရပ်၌ပင် နေစေကာမူ မိမိနိုင်ငံအတွင်း၌သာ နေရသည် မည်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ အဆိုပါ မင်းသည် -

၁။ မိဖက်, ဖဖက် နှစ်ဖက်စလုံးမှ ကောင်းသော ဇာတ်ရှိသည်၊ ဘိုးဘေး ခုနှစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိသည်၊ ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။

၂။ ကြွယ်ဝသည်၊ များသော ပစ္စည်းဥစ္စာ ရှိသည်၊ များသော အသုံးအဆောင် ရှိသည်၊ ပြည့်သော ဘဏ္ဍာတိုက် ကျီကြရှိသည်။

၃။ မိမိစကားကို နားထောင်၍ အမိန့်အတိုင်း လိုက်နာသော အင်္ဂါ ၄-ပါးရှိသော စစ်သည်နှင့် ပြည့်စုံသည် ဖြစ်၍ အင်အားကြီးမားသည်။

၎။ ထိုမင်း၏ သားကြီးသည်ကား ပညာရှိသည်၊ ရဲရင့်သည်၊ ဆင်ခြင်တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံသည်၊ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အကျိုးစီးပွါးတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်သည်။

၅။ အဆိုပါ အင်္ဂါ ၄-မျိုးသည် ထိုမင်း၏ ဘုန်းတန်ခိုး အကျော်အစောကို ရင့်ကျက်ကြီးပွါးစေသည်။

ဘုန်းတန်ခိုး အကျော်အစောလျှင် ၅-ခုမြောက်ဖြစ်သော ဤအင်္ဂါများနှင့် ပြည့်စုံသည့် ထိုမင်းသည် မည်သည့်အရပ်မျက်နှာ၌ပင် နေစေကာမူ မိမိနိုင်ငံ အတွင်း၌သာ နေရသည် မည်သည်။


အကြောင်းမှာ - အောင်ပွဲရမင်းတို့မှာ ဘုန်းတန်ခိုး အကျော်အစောလျှင် ၅-ခုမြောက်ရှိသည့် အင်္ဂါများနှင့် ပြည့်စုံသောကြောင့်တည်း။


လွတ်လပ်သော စိတ်ရှိသည်ဖြစ်၍ နေရသူ

ဤအတူသာလျှင် ဆိလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် မည်သည့်အရပ်မျက်နှာ၌ပင် နေစေကာမူ လွတ်မြောက်သော စိတ်ရှိသည်ဖြစ်၍ နေရသည်မည်သည်။

ယင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သီလရှိသည်။ (အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း သိ)

ဤသို့ သီလပြည့်စုံခြင်သည် မင်းမှာ အမျိုးဇာတ်ပြည့်စုံခြင်းနှင့် တူသည်။


၂။ ဗဟုသုတရှိသည်။ (အကျယ်ကို ထရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း သိ)

ဤသို့ ဗဟုသုတနှင့် ပြည့်စုံခြင်းသည် မင်းမှာ စည်းစိမ်ဥစ္စာ ကျီဘဏ္ဍာများ ကြွယ်ဝသည်နှင့် တူသည်။


၃။ အကုသိုလ်ပယ်ရှားရန် ကုသိုလ်ဖြစ်ပွါးစေရန် ကြိုးစား အားထုတ် တတ်သည်၊ အစွမ်းကုန် ကြိုးစားသည်၊ ခိုင်ခိုင် မြဲမြဲ အားထုတ်သည်။

ကုသိုလ်ရေး၌ အမြဲတမ်း အဆင်သင့် ဖြစ်နေသည်။

ဤသို့ ထက်သန်သော ၀ီရိယနှင့် ပြည့်စုံခြင်းသည် မင်းမှာ စစ်သည် အင်အား ကြီးမားသည်နှင့် တူသည်။


၎။ ပညာရှိသည်။

ဖြစ်မူပျက်မူကို သိတတ်၍ ကိလေသာကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သည့် မြတ်ပညာနှင့် ပြည့်စုံသည်။

ဤသို့ ပညာနှင့် ပြည့်စုံခြင်းသည် မင်းမှာ သားကြီးရတနာ ပြည့်စုံခြင်းနှင့် တူသည်။


၅။ အဆိုပါ တရား ၄-မျိုးတို့သည် ထိုရဟန်းအတွက် ၀ိမုတ္တိကို ရင့်ကျက်စေသည်။

ထိုရဟန်းသည် ၀ိမုတ္တိလျှင် ၅-ခုမြောက်သော တရားနှင့် ပြည့်စုံသည် ဖြစ်၍ မည်သည့်အရပ်မျက်နှာ၌ပင် နေစေကာမူ လွတ်မြောက်သော စိတ်ရှိသည် ဖြစ်၍သာ နေရသည်မည်သည်။


အကြောင်းမှာ - ၀ိမုတ္တိလျှင် ငါးခုမြောက်သာ တရားနှင့် ပြည့်စုံသောကြောင့်တည်း။

ဆောင်- မျိုးနွယ်စင်လျ၊ ကြွယ်ဝ ပစ္စည်း၊ စစ်တပ်ကြီးရှိ၊ ရဲဘိ သားကြီး၊ နောက်ပြီး ကျော်စော၊ မှတ်လော ငါးသင်း၊ ရှိသည့် မင်း၊ နယ်ခင်း ပိုင်းခြား မရှိငြား။ (မင်းအတွက်)

သီလလည်း ရှိ၊ သုတရှိမူ၊ အကု ပယ်ရှား၊ ကုသိုလ်ပွါးအာင်၊ လုံ့လဆောင်လစ်၊ ဖြစ်ပျက်သိကာ၊ ရဟန္တာမှတ်၊ ဤငါးရပ်၊ လွတ်လပ် နရာတိုင်း။ (ရဟန်းအတွက်)


စတုတ္တသုတ် ပြီး၏။

No comments:

Post a Comment