ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 March 2011

၇။ ဒုက္ကထာသုတ်


ရဟန်းတို့ ! ပုဂ္ဂိုလ်မျိုးအစားကို လိုက်၍ မကောင်းသော စကားဖြစ်ပုံ ၅-မျိုးမှာ -

၁။ သဒ္ဓါတရားနှင့်စပ်သော စကားသည် သဒ္ဓါမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၂။ သီလနှင့်စပ်သော စကားသည် သီလမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၃။ ဗဟုသုတနှင့် စပ်သော စကားသည် ဗဟုသုတမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


၎။ စွန့်ကြဲမူနှင့် စပ်သော စကားသည် နှမြောတွန့်တိုသူအတွက်

မကောင်းသော စကားဖြစ်သည်။


၅။ ပညာနှင့်စပ်သော စကားသည် ပညာမရှိသူအတွက်

မကောင်းသော စကားဖြစ်သည်။


ယင်းသို့ ဖြစ်ရအကြောင်းများ -

၁။ သဒ္ဓါတရားနှင့် စပ်သော စကားကို ပြောဆိုသည်ရှိသော်

သဒ္ဓါတရား မရှိသူသည် -

သူ့မှာ သဒ္ဓါအခံမရှိသဖြင့် သဒ္ဓါနှင့်စပ်သော နှစ်သက်ဝမ်းမြောက်မူကို မရနိုင်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်ထွက်သည်၊ ဖောက်ပြန်သည်၊ ကြမ်းတမ်းခက်ထန်သည်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားပြုသည်၊ ထို့ကြောင့် မကောင်းသော စကားဖြစ်သည်။

ထို့အတူ -

၂။ သီလနှင့် စပ်သော စကားသည် သီလမရှိသူအတွက်

၃။ ဗဟုသုတနှင့်စပ်သော စကားသည် ဗဟုသုတ မရှိသူအတွက်

၎။ စွန့်ကြဲမူနှင့်စပ်သော စကားသည် စွန့်ကြဲမူ မရှိသူအတွက်

၅။ ပညာနှင့်စပ်သော စကားသည် ပညာမရှိသူအတွက်

မကောင်းသော စကား ဖြစ်သည်။

အကြောင်းမှာ -

အဆိုပါ စကားများ ပြောဆိုခံရရာ၌ သူတို့မှာ -

သီလ, ဗဟုသုတ, စွန့်ကြဲမူ, ပညာအခံများ မရှိကြသဖြင့် အဆိုပါ သီလ စသည်နှင့် စပ်သော နှစ်သက်ဝမ်းမြောက်မူကို မရနိုင်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်ထွက်သည်၊ ဖောက်ပြန်သည်၊ ကြမ်းတမ်းခက်ထန်သည်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားပြုသည်၊ ထို့ကြောင့် အဆိုပါစကားမျာသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့မှာ မကောင်းသော စကားဖြစ်သည်။


ကောင်းသောစကားဖြစ်ပုံ ၅-မျိုးမှာ -

၁။ သဒ္ဓါတရားနှင့်စပ်သော စကားသည် သဒ္ဓါရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၂။ သီလနှင့်စပ်သော စကားသည် သီလရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၃။ ဗဟုသုတနှင့် စပ်သော စကားသည် ဗဟုသုတရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၎။ စွန့်ကြဲမူနှင့် စပ်သော စကားသည် စွန့်ကြဲမူရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


၅။ ပညာနှင့်စပ်သော စကားသည် ပညာရှိသူအတွက်

ကောင်းသော စကားဖြစ်သည်။


ယင်းသို့ ဖြစ်ရအကြောင်းများ -

၁။ သဒ္ဓါတရားနှင့် စပ်သော စကားကို ပြောဆိုသည်ရှိသော်

သဒ္ဓါတရား ရှိသူသည် -

သူ့မှာ သဒ္ဓါအခံမရှိသဖြင့် သဒ္ဓါနှင့်စပ်သော နှစ်သက်ဝမ်းမြောက်မူကို ရနိုင်သည်။

သို့ဖြစ်၍ ဒေါသဖြင့် မငြိတွယ်၊ အမျက်မထွက်၊ မဖောက်ပြန်၊ မကြမ်းတမ်း မခက်ထန်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားမပြု၊ ထို့ကြောင့် ကောင်းသော စကားဖြစ်သည်။

ထို့အတူ -

၂။ သီလနှင့် စပ်သော စကားသည် သီလရှိသူအတွက်

၃။ ဗဟုသုတနှင့်စပ်သော စကားသည် ဗဟုသုတ ရှိသူအတွက်

၎။ စွန့်ကြဲမူနှင့်စပ်သော စကားသည် စွန့်ကြဲမူ ရှိသူအတွက်

၅။ ပညာနှင့်စပ်သော စကားသည် ပညာရှိသူအတွက်

ကောင်းသော စကား ဖြစ်သည်။

အကြောင်းမှာ -

အဆိုပါ စကားများ ပြောဆိုခံရရာ၌ သူတို့မှာ -

သီလ, ဗဟုသုတ, စွန့်ကြဲမူ, ပညာအခံများ ရှိကြသဖြင့် အဆိုပါ သီလ စသည်နှင့် စပ်သော နှစ်သက်ဝမ်းမြောက်မူကို ရနိုင်သည်။

သို့ဖြစ်၍ ဒေါသဖြင့် ငြိတွယ်သည်၊ အမျက်မထွက်၊ မဖောက်ပြန်၊ မကြမ်းတမ်း မခက်ထန်၊ အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်သက်ခြင်းကို ထင်ရှားမပြု၊ ထို့ကြောင့် အဆိုပါစကားမျာသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့မှာ ကောင်းသော စကားဖြစ်သည်။

ဆောင် - သဒ္ဓါနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သဒ္ဓါ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

သီလနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သီလာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

သုတနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် သုတာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

စွန့်ကြဲမူနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် စာဂါ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။

ပညာနှင့် စပ်၊ စကားရပ်သည်၊ ကင်းပြတ် ပညာ၊ ဖြစ်သူမှာ၊ ပမာ ခါးစပ်သည်။


သတ္တမသုတ် ပြီး၏။

No comments:

Post a Comment