၁။ ဂိလာနသုတ်
မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်အခါက ဖြစ်ပါသည်။
မြတ်စွာဘုရားသည် ညနေချမ်း အခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ သူနာရဟန်းတို့နေရာ ကျောင်း(လူနာဆောင်) သို့ ချဉ်းကပ်တော်မူသည်။
မြတ်စွာဘုရားသည် အားနည်းသော သူနာရဟန်းတစ်ပါးကို မြင်တော်မူသောကြောင့် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် မိန့်တော်မူသည်မှာ -
“ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးကို မစွန့်ဘဲ လက်ကိုင်ပြုထားသော အားနည်းသော မည်သည့် သူနာရဟန်းမဆို -
မကြာမီပင် အာသဝေါတရားများ ကုန်ခန်းခြင်းကြောင့် အာသဝေါတရားကင်းစင်ပြီး ကိလေသာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်သည့် အရတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘ၀မှာပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရရှိရောက်ရှိနေရိလိမ့်မည် (ရဟန္တာ ဖြစ်သွားလိမ့်မည်) - ဟူသော အကျိုးကို ဧကန် ရမည်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ ခန္ဓာကိုယ်ကို မတင့်တယ်ဟု အဖန်တလဲလဲ ရူလျက် နေသည်။
၂။ သုံးဆောင်အပ်သော အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ထားနေသည်။
၃။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ထားနေသည်။
၎။ အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု ရူလျက် နေသည်။
၅။ သေခြင်းတရား၌ ဖြစ်သော အမှတ်သညာသည် စိတ် သန္တာန်၌ ကောင်းစွာ တည်နေသည်။”
ဆောင် - ခန္ဓာ၌၀ယ်၊ မတင့်တယ်နှင့်၊ ရွံဖါယ် အစာ၊ အားလုံးမှာ မမွေ့၊ ရူလေ့ မမြဲ၊ ကိုယ်ထဲ သေမှတ်၊ ဤငါးရပ်၊ မှတ်အပ် အနာဂါမ်၊ ရဟန္တာဖြစ်ဖို့တည်း။
ပတမသုတ် ပြီး၏။
Monday 14 March 2011
၁၃။ ဂိလာန၀ဂ် (သူနာနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment