ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။
ယင်း ၅-မျိုးမှာ -
၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။
၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။
၃။ မှားယွင်စွာ အားထုတ်လုပ်ကိုင်သည် (အကုသိုလ်လုပ်ငန်းများကို အားထုတ်လုပ်ကိုင်သည်)။
၎။ မှားယွင်းစွာ အောက်မေ့သတိရသည် (အကုသိုလ်လုပ်ငန်းများကို မှတ်မိနေသည်)။
၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။
ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။
ယင်း ၅-မျိုးမှာ -
၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။
၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
ချီးမွမ်းတိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။
၃။ မှန်ကန်စွာ အားထုတ် လုပ်ကိုင်သည် (ကုသိုလ် လုပ်ငန်းများကို အားထုတ်လုပ်ကိုင်သည်)။
၎။ မှန်ကန်စွာ အောက်မေ့သတိရသည် (သတိပဋ္ဌာန်း ဘာဝနာ ပွါးများသည်)။
၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။
ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ့ဆိုငြား၊ အမှား ၀ီရိ၊ မှား သတိကပ်၊ လှူအပ် ပစ္စည်း၊ ဖျက်ဆီးလေက၊ ရဟန်းမ၊ မုချ ငရဲ သူ့တွက်ပဲ။
ဒသမသုတ် ပြီး၏။
၂-ခုမြောက် အန္ဓက ၀ိန္ဒ၀ဂ်ပြီးပြီ။
Monday 14 March 2011
၁၀။ မိစ္ဆာဝါယာမသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment