ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၇။ အသပ္ပုရိသဒါနသုတ်


ရဟန်းတို့ ! သူတော်မဟုတ်သူတို့၏ ပေးလှူပုံ ၅-မျိုးမှာ -



၁။ မရိုမသေ ပေးလှူသည်။

(လှူဖွယ် ၀တ္ထုကို ကောင်းမွန်သန့်ရှင်း အပြစ်ကင်းအောင် မပြုလုပ်ဘဲ ၀ါ-အလှူခံကို ရိုသေသမူ ကောင်းစွာ မပြုဘဲ ပေးလှူသည်။)



၂။ မလေးမစား ပေးလှူသည်။

(လှူဖွယ်ဝတ္ထုနှင့် အလှူခံတို့၌ လေးစားသမူ စိတ်၌ မပြုဘဲ ၀ါ-ချီးမွမ်း အံ့သြဖွယ်ဖြစ်အောင် မပြုလုပ်ဘဲ ပေးလှူသည်။)



၃။ မိမိလက်ဖြင့် ကိုယ်တိုင် မပေးလှူ။



၎။ စွန့်ပစ်သကဲ့သို့ ပေးလှူသည်။



၅။ ဒါန၏ အကျိုးသက်ရောက်လိမ့်မည်ဟု အယူမရှိဘဲ ပေးလှူသည်။ (အကျိုးကို မယုံကြည်ဘဲ ပေးလှူသည်။)





သူတော်ကောင်းတို့၏ ပေးလှူပုံ ၅-မျိုးမှာ -



၁။ ရိုသေစွာ ပေးလှူသည်။



၂။ လေးလေးစားစား ပေးလှူသည်။



၃။ မိမိလက်ဖြင့် ကိုယ်တိုင် ပေးလှူသည်။



၎။ စွန့်ပစ်သကဲ့သို့ မပေးလှူ။



၅။ အကျိုးသက်ရောက်လိမ့်မည်ဟု အယူရှိလျက် ပေးလှူသည်။ (အကျိုးကို ယုံကြည်၍ ပေးလှူသည်)



ဆောင် - မရိုသေငြား၊ မလေးစား လှူ၊ မလှူ ကိုယ်တိုင်၊ တစ်စိုင် စွန့်ပစ်၊ ကျိုးဖြစ် မယုံ၊ ဤငါးစုံ၊ မှတ်တုံ အသပ္ပုရိသ ဒါန။



သတ္တမသုတ် ပြီး၏။

No comments:

Post a Comment