ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၇။ ယောဓာဇီ၀၀ဂ်(သူရဲကောင်းကို ပြသည့် သုတ်ပါသော အခန်း)


၁။ ပထမ စေတောဝိမုတ္တိဖလသုတ်

ရဟန်းတို့ ! ဤဆိုလတံ့သော တရား ၅-မျိုးကိုာကိမ်ဖန်များစွာ လေ့လာပွါးများသည်ရှိသော် ကိလေသာမှ လွတ်မြောက်သည့် အရဟတ္တ ဖိုလ်စိတ်, အရဟတ္တဖိုလ်ပညာ ဟူသော အကျိုးအာနိသင် ရရှိနိုင်သည်။ ယင်း ၅-မျိုးမှာ - (သညာဝဂ်၊ နိဗ္ဗိဒါသုတ်အတိုင်း သိလေ)

ယင်းသို့ အရဟတ္တဖိုလ်စိတ်, အရဟတ္တဖိုလ်ပညာရှိလာသော ရဟန်းကို တံခါးကျည် မင်းတုပ်ကို ဖယ်ထုတ်ပြီးသူ, အလံကိုလည်းချ ၀န်ကိုလည်းချ ၀ဋ်ဆင်းရဲနှင့် မစပ်ယှဉ်သည့် မြတ်သောသူဟု ဆိုအပ်သည်။

ဤသာသနာတော်၌ -

တံခါးကျည် မင်းတုပ်ကို ဖယ်ထုတ်ပြီးသူ ဆိုသည်မှာ -

ရဟန်းသည် အရတ္တမဂ်ဖြင့် အ၀ိဇ္ဇာကိုလည်း ပယ်, ၀ဋ်မြစ်ကိုလည်း ဖြတ်လိုက်သဖြင့် ထန်းပင်နူတ်ထားသော နေရာကံသို့လည်း ဖြစ်သွားသည်၊ အသစ်လည်း မဖြစ်တော့၊ နောင်အခါ၌ ဖြစ်ခြင်းသဘောလည်း မရှိတော့ပြီ။


ကျုံးကို ဖျက်ဆီးပြီးသူ ဆိုသည်မှာ -

ရဟန်းသည် တဖန်ဘ၀သစ်ကို ဖြစ်စေတတ်သည့် ကုသိုလ်ကံ, အကုသိုလ်ကံကို ပယ်လိုက်သဖြင့် ထန်းပင်နူတ်ထားသော နေရာကဲ့သို့လည်း ဖြစ်သွားသည်၊ အသစ်လည်း မဖြစ်တော့၊ နောင်အခါ၌ ဖြစ်ခြင်းသဘောလည်း မရှိတော့ပြီ။


တံခါးတိုင်ကို ဖျက်စီးသူ ဆိုသည်မှာ -

ရဟန်းသည် တဏှာကို ပယ်လိုက်သဖြင့် ထန်းပင် နူတ်ထားသော နေရာကဲ့သို့လည်း ဖြစ်သွားသည်၊ အသစ်လည်း မဖြစ်တော့၊ နောင်အခါ၌ ဖြစ်ခြင်းသဘောလည်း မရှိတော့ပြီ။


တံခါးရွက်ကို ဖျက်ဆီးပြီးသူ ဆိုသည်မှာ -

ရဟန်းသည် အောက်ပိုင်း ကာမဘ၀၌ ပဋိသန္ဓေကျိုးကို ပေးတတ်သည့် သံယောဇဉ် အနှောင်အဖွဲ့တို့ကို ပယ်လိုက်သဖြင့် ထန်းပင်နူတ်ထားသော နေရာကဲ့သို့လည်း ဖြစ်သွားသည်၊ အသစ်လည်း မဖြစ်တော့၊ နောင်အခါ၌ ဖြစ်ခြင်းသဘောလည်း မရှိတော့ပြီ။


အလံကိုလည်း ချ, ၀န်ကိုလည်း ချ, ၀ဋ်ဆင်းရဲနှင့် မစပ်ယှဉ်သည့် မြတ်သောသူ ဆိုသည်မှာ -

ရဟန်းသည် အသ္မိမာနကို ပယ်လိုက်သဖြင့် ထန်းပင်နူတ်ထားသော နေရာကဲ့သို့လည်း ဖြစ်သွားသည်၊ အသစ်လည်း မဖြစ်တော့၊ နောင်အခါ၌ ဖြစ်ခြင်းသဘောလည်း မရှိတော့ပြီ။(အသ္မိမာန-ငါတကားဟု ထောင်လွှားခြင်း)

ဆောင်-ခန္ဓာ၌၀ယ်၊ မတင့်တယ်နှင့်၊ ရွံဖွယ်အစာ၊ အားလုံးမှာ မမွှေ့၊ ရူလေ့ မမြဲ၊ ကိုယ်ထဲ သေမှတ်၊ ငါးရပ် ပြုငြား၊ ရဟန်းကားမူ၊ တံခါးကျည်ပယ်၊ တသွယ် ကျုံးဖျက်၊ နူတ်လျက် တံခါးတိုင်၊ ဖွင့်နိုင် တံခါး၊ ချငြား အလံ၊ မှတ်ဖို့ရန်၊ ဟောပြန် အင်္ဂုတ္တိုရ်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment