ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 15 March 2011

၉။ ပရိကုပ္ပသုတ်


ရဟန်းတို့ ! အပါယ်, ငရဲသို့လည်း ရောက်စေတတ်၊ ပျက်စီးခြင်း သဘောလည်း ရှိ၊ ကုစား၍လည်း မရနိုင်သည့် အရာ ၅-မျိုးမှာ -

၁။ အမေကို သတ်ခြင်း။

၂။ အဖေကို သတ်ခြင်း။

၃။ ရဟန္တာကို သတ်ခြင်း။

၎။ ပြစ်မှားစိတ်ဖြင့် မြတ်စွာဘုရားအား သွေးကို ဖြစ်စေခြင်း။(သွေးစိမ်းတည်စေခြင်း)။

၅။ သံဃာကို သင်းခွဲခြင်း (သွေးခွဲခြင်း)။

ဆောင် - အမေကိုသတ် အဖေသတ်နှင့်၊ သတ်လတ် ရဟန္တာ၊ ဘုရားမှာ သွေးခြေဥ၊ ခွဲမူ သံဃာ၊ ဤငါးဖြာ၊ မှန်စွာ ကုမရ ငရဲကျ။

န၀မသုတ် ပြီး၏။

No comments:

Post a Comment