ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 15 March 2011

၁၀။ ဗျသနသုတ်


ရဟန်းတို !

ပျက်စီးခြင်း ၅-မျိုးမှာ -

၁။ ဆွေမျိုးများ ပျက်စီးခြင်း။

၂။ စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း။

၃။ အနာရောဂါနှိပ်စက်မူ ဟူသော ပျက်စီးခြင်း။

၎။ ကိုယ်ကျင့်သီလ ပျက်စီးခြင်း။

၅။ ကောင်းသာ အယူ ပျက်စီးခြင်း။


ယင်း ၅-မျိုးတွင် ရှေ့ ၃-မျိုးကြောင့် သတ္တ၀ါတို့ အပါယ်ငရဲသို့ မရောက်နိုင်၊ နောက် ၂-မျိုးကြောင့်သာ အပါယ်ငရဲ ရောက်နိုင်သည်။

ပြည့်စုံခြင်း ၅-မျိုးမှာ -

၁။ ဆွေမျိုးများ ပြည့်စုံခြင်း။

၂။ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း။

၃။ အနာရောဂါကင်းမူနှင့် ပြည့်စုံခြင်း။

၎။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။

၅။ ကောင်းသော အယူနှင့် ပြည့်စုံခြင်း။

ယင်း ၅-မျိုးတွင် ရှေ့ ၃-မျိုးကြောင့် သတ္တ၀ါတို့ သုဂတိနတ်ပြည်သို့ မရောက်နိုင်၊ နောက် ၂-မျိုးကြောင့်သာ ရောက်နိုင်သည်။

ဆောင် - ဆွေမျိုး, ဥစ္စာ၊ ရောဂါ, အကျင့်၊ အယူဆင့်ကာ၊ ပျက် ငါးဖြာ၊ မှန်စွာ ဗျသန။

ဒသမသုတ် ပြီး၏

၃-ခုမြောက် ၀ိလာန၀ဂ် ပြီးပြီ။

No comments:

Post a Comment